News

POST TAGGED AS

ITALY

13-Sep-2018 tagged as Soccer Italy Pirlo
အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ပီယာလိုသည် သြစတြေးလျ ဆီမီးပရိုကလပ် အေဗွန်ဒေးလ်ထံတွင် ကစားသမားဘ၀ကို တစ်ကျော့ပြန်လည်ဖြတ်သန်းရန် ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
30-May-2018 tagged as Soccer Italy Balottelli
အီတလီလက်ရွေးစင်အသင်းကို တစ်ကျော့ပြန်လည် ကိုယ်စားပြုခွင့်ရရှိခဲ့သည့် တိုက်စစ်မှူး ဘာလော့တယ်လီသည် အီတလီက ဆော်ဒီအာရေဗျကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲတွင် အီတလီဘောလုံးပရိသတ်များ၏လူမျိုးရေးခွဲခြားစော်ကားမှုဖြင့် ရင်ဆိုင်လိုက်ရသည့်အတွက် ဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။
15-May-2018 tagged as Soccer Italy Mancini Europe
အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် မန်စီးတီးနည်းပြဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ မန်ချီနီကို ၂ နှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်လိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
01-May-2018 tagged as Soccer Italy Mancini Zenit
ရုရှားကလပ် ဇင်းနစ်အသင်းကို တာဝန်ယူဦးဆောင်နေသည့် နည်းပြ မန်ချီနီသည် အီတလီလက်ရွေးစင်ဘောလုံးအသင်းကို တာဝန်ယူရန် သဘောတူညီလိုက်ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြား တရားဝင်စာချုပ်ချုပ်ဆိုမှုကို လာမည့်သီတင်းပတ်အနည်းငယ်အတွင်း၌ ဆောင်ရွက်နိုင်ရန် ရည်မှန်းထားကြောင်း အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
24-Apr-2018 tagged as Soccer Italy Carlo Ancelotti
အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ဝါရင့်နည်းပြကြီး အန်စလော့တီနှင့် လျှို့ဝှက်ဆွေးနွေးနေပြီဖြစ်ကာ နှစ်ဦးနှစ်ဖက်အကြားတွင် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှုရရန်အတွက်မူ အချိန်တစ်ခုယူရဖွယ်ရှိနေသေးကြောင်း Football Italia က ဖော်ပြထားသည်။
24-Apr-2018 tagged as Soccer Italy Carlo Ancelotti
အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ဝါရင့်နည်းပြကြီး အန်စလော့တီနှင့် လျှို့ဝှက်ဆွေးနွေးနေပြီဖြစ်ကာ နှစ်ဦးနှစ်ဖက်အကြားတွင် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှုရရန်အတွက်မူ အချိန်တစ်ခုယူရဖွယ်ရှိနေသေးကြောင်း Football Italia က ဖော်ပြထားသည်။
အီတလီလက်ရွေးစင်အသင်း ကွင်းလယ်ကစားသမားဟောင်း ပီယာလိုသည် အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် အန်စလော့တီနှင့် ကွန်တီတို့အနက်မှနေ၍ တစ်ဦးဖြစ်လာခဲ့မည်ဆိုပါက လက်ထောက်နည်းပြရာထူးကို ရယူ၍ အသင်းအတွက် တာဝန်ထမ်းဆောင်ပေးရန် နီးစပ်နေကြောင်း အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသွားခဲ့သည်ဟု Football Italia က ဖော်ပြထားသည်။
09-Jan-2018 tagged as Soccer Conte Italy Carlo Ancelotti Mancini
အီတလီဘောလုံးအဖွဲ့ချုပ်သည် အီတလီလက်ရွေးစင်အသင်းအတွက် ၎င်းတို့ခေါ်ယူခန့်အပ်လိုသည့် နည်းပြသစ်လျာထားစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ရာ ယင်းလျာထားစာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသူများမှာ အန်စလော့တီ၊ ကွန်တီနှင့် မန်ချီနီတို့ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
28-Nov-2017 tagged as Soccer Serie A Italy Buffon Juventus
နိုင်ငံတကာလက်ရွေးစင်ကစားသမားဘ၀က အနားယူပြီဖြစ်ကြောင်း အတည်ပြုထားပြီဖြစ်သည့် ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် အီတလီလက်ရွေးစင်အသင်းအတွက် လိုအပ်လာခဲ့မည်ဆိုပါက ၎င်းအနေနှင့် ပြန်ကစားပေးရန် အမြဲတစေ အဆင်သင့်ရှိနေမည်သာဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Football Italia က ဖော်ပြထားသည်။
17-Nov-2017 tagged as Soccer World Cup Italy
အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် အီတလီလက်ရွေးစင်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားခွင့် ရနိုင်လိမ့်မည်ဟု ယုံကြည်ချက်ထားရှိကာ ဟိုတယ်ခန်းများပင် ကြိုတင်ငှားရမ်းထားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။