News

POST TAGGED AS

INTER MILAN

17-Sep-2018 tagged as Soccer Premier League Tottenham Inter Milan
အင်တာမီလန်နှင့် စပါးတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လေးကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်သင်းလျှင် နှစ်ကြိမ်စီ နိုင်ပွဲရယူနိုင်ခဲ့ကြဖူးသည်။
မန်ယူနည်းပြ မော်ရင်ညို အလွန်အမင်း ခေါ်ယူလိုနေသည့် အင်တာမီလန်တိုက်စစ်တောင်ပံကစားသမား ပီရီဆစ်သည် ပရီးမီးယားလိဂ်စိန်ခေါ်မှုများကို ရင်ဆိုင်ခွင့်ရနိုင်ရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ဝန်ခံလိုက်သည့်အတွက် ယခုအချိန်တွင် ပီရီဆစ်ကိုဝယ်ယူရန် ကမ်းလှမ်းမည်ဆိုပါက မန်ယူအတွက် အခွင့်အလမ်းကောင်းနိုင်ဖွယ် အခြေအနေများရှိနေကြောင်း Goal က ဖော်ပြထားသည်။
22-Jul-2018 tagged as Soccer Serie A Perisic Inter Milan
အင်တာမီလန်နည်းပြ စပယ်လက်တီသည် အသင်းတိုက်စစ်တောင်ပံကစားသမား ပီရီဆစ်ကို အသင်းထံတွင် ဆက်လက် ထိန်းသိမ်းထားနိုင်စေရန်အတွက် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းအားလုံးကို ၎င်းတို့အနေနှင့် အသုံးပြုသွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
အင်တာမီလန်အသင်း ကွင်းလယ်ကစားသမား ဂျောင်မာရီယိုသည် နည်းပြ စပယ်လက်တီလက်အောက်တွင် ၎င်းအနေနှင့် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသည်ကို အလွန်အမင်း စိတ်ပျက်နေပြီဖြစ်ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး အင်တာမီလန်အသင်းတာဝန်ရှိသူများကလည်း ဂျောင်မာရီယိုမှာ အသင်းက ထွက်ခွာခွင့်ပြုရန် ၎င်းတို့ထံ တင်ပြတောင်းဆိုထားပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီဖြစ်သည်ဟု Football Italia က ဖော်ပြထားသည်။
21-Dec-2017 tagged as Soccer Real Madrid Serie A Icardi Inter Milan
အင်တာမီလန်အသင်းသည် ရီးရဲလ်မက်ဒရစ်အသင်း ခေါ်ယူရန် စီစဉ်ထားသည့် ပစ်မှတ်ကစားသမားစာရင်းတွင် ပါရှိနေသော ၎င်းတို့၏တိုက်စစ်မှူး အိုင်ကာဒီကို စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိထားပြီဖြစ်၍ များမကြာမီအချိန်အတွင်း စာချုပ်သစ် အထမြောက် အကောင်အထည်ပေါ်လာလိမ့်မည်ဟု အင်တာမီလန်အသင်းတာဝန်ရှိသူများက ယုံကြည်မျှော်လင့်နေကြပြီဖြစ်ကြောင်း Fotball Italia က ဖော်ပြထားသည်။