04-Apr-2018
အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ရီးရဲလ်မက်ဒရစ်က ဂျူဗင်တပ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက တစ်ပတ်လှည့်လေဝဲ နောက်ပြန်ကန်ချက်ဖြင့် သွင်းယူလိုက်သောဂိုးမှာ အဆင့်အတန်းမြင့်မားသည့် ဂိုးတစ်ဂိုးဖြစ်သော်လည်း ၎င်း၏သွင်းဂိုးကိုမူ လိုက်မမီသေးကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး စီရော်နယ်ဒိုအနေနှင့် ကိုက် ၄၀ အကွာမှနေ၍ ယခုကဲ့သို့သောကန်ချက်မျိုးဖြင့် ဂိုးရယူနိုင်မှသာလျှင် ၎င်းကို လိုက်မီပြီဟု ဆိုနိုင်လိမ့်မည်ဖြစ်ကြောင်း အီဘရာဟီမိုဗစ်က ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။