News

POST TAGGED AS

IS

22-Jun-2017 tagged as IS
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် ဘူတာကြီးတွင် အသေခံဗုံးခွဲမှု ပြုလုပ်မည်ဟု သံသယရှိသူတစ်ဦးကို ဘယ်လ်ဂျီယံ စစ်သားများက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
18-Jun-2017 tagged as IS
ယခင်လက ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် IS အဖွဲ့ ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဒါဒီကို သုတ်သင်နိုင်ခဲ့ဖွယ် ရှိသည်ဟု မော်စကိုက သောကြာနေ့တွင် ပြောကြားခဲ့သော်လည်း ၎င်းသေဆုံးမှုကို အတည်မပြုနိုင်ကြောင်းနှင့် ထိုသတင်းကို အနောက်အုပ်စုနှင့် အီရတ်က သံသယရှိကြောင်း ဝါရှင်တန်က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
16-Jun-2017 tagged as IS
ပြီးခဲ့သည့်လက ဆီးရီးယားတွင် ရုရှားက လေကြောင်းထိုးစစ်ဆင်ရာ၌ IS ခေါင်းဆောင် အဘူဘေကာအယ်လ်ဘာဒါဒီ သေဆုံးသွားခဲ့ပြီဟု ယူဆရကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အတည်ပြုနိုင်ရန်မူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
16-Jun-2017 tagged as IS အီရန်
အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက် ဖြစ်သည်ဟု ဆွန်နီအစွန်းရောက်အဖွဲ့ IS က ကြေညာခဲ့ပြီးနောက် ဆော်ဒီအာရေဗျသည် အီရန်နိုင်ငံ အတွင်းရှိ စစ်သွေးကြွများကို ထောက်ပံ့နေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရိဖ်က ဇွန်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် မွတ်ဆလင်ဦးရေ အများဆုံးရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ် အားလုံးနီးပါးတွင် အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ၏ ဆဲလ်များရှိနေသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂတော့နာမန်ရိုက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
12-Jun-2017 tagged as ဖိလစ်ပိုင် IS
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ IS နှင့် အချိတ်အဆက်ရှိ စစ်သွေးကြွများ လက်အောက် ရောက်ရှိနေသော မာရာဝီမြို့ကို ပြန်သိမ်းရန် ဖိလစ်ပိုင်စစ်တပ်ကို အမေရိကန် အထူးတပ်ဖွဲ့များက အကူအညီပေးနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
09-Jun-2017 tagged as IS အီရန်
တီဟီရန်တွင် လူ ၁၂ ဦး သေဆုံးသော တိုက်ခိုက်မှုကို ကျူးလွန်သူများမှာ IS အဖွဲ့သို့ ဝင်ရောက်ထားသူ အီရန်လူမျိုးများ ဖြစ်သည်ဟု အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
08-Jun-2017 tagged as IS ဒူတာတေး
ဒူတာတေးတစ်ယောက် မော်စကိုသို့ ငါးရက်တာ ခရီးသွားနေစဉ် ဖိလစ်ပိုင် မင်ဒါနာအိုကျွန်းရှိ မွတ်ဆလင် အများစု နေထိုင်ရာဒေသ ဖြစ်သည့် မာရာဝီမြို့ကို ISIS အကြမ်းဖက်သမားများက သိမ်းပိုက်လိုက် ကြသည်။ အစပိုင်းတွင် ဖိလစ်ပိုင်စစ်တပ်သည် အခြေအနေကို ထိန်းသိမ်းထားလိုက်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အခြေအနေက ပိုပြီး ဆိုးရွားလာသည်။ မွတ်ဆလင် အကြမ်းဖက်သမားများက ခရစ်ယာန် ဘုန်းတော်ကြီးနှင့် အရပ်သားအများကို ပြန်ပေးဆွဲပြီး ဓားဆာခံ လုပ်ထားသည်။ ထို့ပြင် အကြမ်းဖက်သမားများက မင်ဒါနာအိုဒေသကို အစ္စလာမ္မစ်နိုင်ငံတော် (ဝီလာရက်) ဟုသတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးကုန်တော့သည်။
07-Jun-2017 tagged as IS အာရပ်
အာရပ်ဦးဆောင်နိုင်ငံများ၏ ရုတ်တရက် သံတမန်ရေး အဆက်အသွယ် ဖြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ပြီးနောက် ကာတာစော်ဘွားက နိုင်ငံသို့ မိန့်ခွန်းပြောရန် စီစဉ်ခဲ့သော်လည်း ကူဝိတ်နိုင်ငံက ကြားဝင် ညှိနှိုင်းရေး အချိန်ရရှိရန်အတွက် မိန့်ခွန်း မပြောသေးဘဲ နောက်ဆုတ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
05-Jun-2017 tagged as IS
ကာတာနိုင်ငံသည် IS အဖွဲ့ အပါအဝင် အကြမ်းဖက်အုပ်စုများကို ထောက်ပံ့နေသည်ဟု ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံတို့က စွပ်စွဲလိုက်ပြီး သံတမန် ဆက်ဆံရေး အပါအဝင် ဆက်သွယ်မှု အားလုံးနီးပါကို ဖြတ်တောက်လိုက်ကြောင်း BBC သတင်းက ဖော်ပြသည်။