News

31-Jul-2018

Soccer Serie A Juventus AC Milan Bonucci
ဘိုနုချီကို ပြန်လည်ခေါ်ယူနိုင်မည်ဖြစ်၍ ဟီဂူအင်ကို အေစီမီလန်ထံသို့ ဂျူဗင်တပ် လက်လွှတ်ပေးလိုက်ခြင်းဖြစ်

မီလန်၊ ဇူလိုင် ၃၁

ဂျူဗင်တပ်သည် ဟီဂူအင်ကို ချယ်လ်ဆီးထံသို့ လက်လွှတ်မပေးဘဲ အေစီမီလန်ထံသို့ အငှားချရန် ဆုံးဖြတ်လိုက်သည်မှာ ၎င်းတို့၏နောက်ခံကစားသမားဟောင်း ဘိုနုချီကို ပြန်လည်ခေါ်ယူနိုင်ရန် အခွင့်အရေးရရှိလာခဲ့၍ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

အေစီမီလန်သည် ဟီဂူအင်ကို ၎င်းတို့ထံသို့ အပြီးသတ်ဝယ်ယူခွင့်ပါရှိသည့် အငှားစာချုပ်တစ်ရပ်ဖြင့် ပြောင်းခွင့်ပြုရန် သဘောတူညီမည်ဆိုပါက ဘိုနုချီကို ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ကြေးတစ်ရပ် သတ်မှတ်၍ ပြန်လည်ရောင်းထုတ်ပေးမည်ဟု ကမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး ဂျူဗင်တပ်အသင်းတာဝန်ရှိသူများမှာ အေစီမီလန်၏ကမ်းလှမ်းမှုကို နှစ်ခြိုက်သဘောကျသည့်အတွက် ချယ်လ်ဆီးနှင့်ဆွေးနွေးမှုများကို ရပ်ဆိုင်းကာ ဟီဂူအင်ကို အေစီမီလန်ထံသို့ ချက်ချင်းပင် အငှားစေလွှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

ဂျူဗင်တပ်သည် လက်ရှိတွင် မန်ယူနည်းပြ မော်ရင်ညိုနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေသော ကွင်းလယ်လူ ပေါ့ဂ်ဘာကိုလည်း အသင်းထံသို့ ပြန်လည်ခေါ်ယူနိုင်စေရန် စီစဉ်နေပြီး မန်ယူမှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၃၃ သန်း ရရှိပါက ပေါ့ဂ်ဘာကို လက်လွှတ်လိုက်ဖွယ် အခြေအနေများရှိနေပြီဖြစ်သည်။




FOLLOW US