News

ချယ်လ်ဆီးပစ်မှတ် ဟီဂူအင် အေစီမီလန်ထံသို့ အငှားပြောင်းရွှေ့မည်

မီလန်၊ ဇူလိုင် ၃၁

ချယ်လ်ဆီးနည်းပြသစ် ဆာရီ အလွန်အမင်း ခေါ်ယူလိုလျက်ရှိသော ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ တစ်နှစ်သက်တမ်းရှိ အငှားစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့တော့မည်ဖြစ်ပြီး အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် အပြီးသတ်သဘောတူညီမှုရသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဟီဂူအင်သည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်၌ နာပိုလီမှနေ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ယူရိုသန်း ၉၀ ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ဂျူဗင်တပ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ဟီဂူအင်မှာ စီးရီးအေပွဲစဉ်ပေါင်း ၇၆ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ရာ၌ အသင်းအတွက် သွင်းဂိုးပေါင်း ၄၀ အထိ ရယူပေးနိုင်ခဲ့သည်။

အေစီမီလန်သည် ဟီဂူအင်ကို တစ်နှစ်ငှားရမ်းခြင်းအတွက် ဂျူဗင်တပ်ကို ယူရို ၁၈ သန်း ပေးချေရလိမ့်မည်ဖြစ်ပြီး ယင်းစာချုပ်တွင် ဂျူဗင်တပ်က အပြီးသတ်ဝယ်ယူခွင့်တစ်ရပ်အတွက်လည်း သဘောတူညီချက်ပေးထားကြောင်း၊ အပြီးသတ်ဝယ်ယူမည်ဆိုပါက အေစီမီလန်မှာ ဂျူဗင်တပ်ကို ယူရို ၃၆ သန်း ထပ်မံပေးချေရလိမ့်မည်ဖြစ်ကြောင်း Football Italia ကလည်း ရေးသားထားသည်။





FOLLOW US