News

POST TAGGED AS

HIGUAIN

04-Aug-2018 tagged as Soccer Serie A AC Milan Higuain
အေစီမီလန်တိုက်စစ်မှူးသစ် ဟီဂူအင်သည် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးကို ငြင်းပယ်၍ အေစီမီလန်ကို ရွေးချယ်လိုက်သည့်အကြောင်းရင်းကို ရှင်းလင်းပြောကြားလိုက်ပြီး ချယ်လ်ဆီးထံတွင် ၎င်းကို အမှန်တကယ် အလိုရှိသူဟူ၍ နည်းပြဆာရီ တစ်ဦးတည်းသာရှိသည်ဟု ဟီဂူအင်က မှတ်ချက်ပေးသွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။
03-Aug-2018 tagged as Soccer Serie A Juventus AC Milan Bonucci Higuain
ဂျူဗင်တပ်နှင့် အေစီမီလန်တို့သည် နောက်ခံလူ ဘိုနုချီနှင့် တိုက်စစ်မှူး ဟီဂူအင်တို့၏အပြောင်းအရွှေ့များကို တရားဝင်အပြီးသတ်လိုက်နိုင်ပြီဖြစ်ပြီး ဂျူဗင်တပ်မှာ ဘိုနုချီကို အေစီမီလန်ထံသို့ ရောင်းထုတ်ခဲ့စဉ်က ပြောင်းရွှေ့ကြေးအတိုင်းပင် ပေါင် ၃၅ သန်းဖြင့် ၀ယ်ယူလိုက်နိုင်ခြင်းဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
02-Aug-2018 tagged as Soccer Serie A Juventus AC Milan Bonucci Higuain
ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူရန် အသင်းအခြေစိုက်ရာ မီလန်မြို့သို့ ရောက်ရှိလာခဲ့သော ဟီဂူအင်ကို အေစီမီလန်ပရိသတ်ထောင်ပေါင်းများစွာက သောင်းသောင်းဖြဖြ ကြိုဆိုသွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြသစ် ဆာရီ အလွန်အမင်း ခေါ်ယူလိုလျက်ရှိသော ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်သည် အေစီမီလန်ထံသို့ တစ်နှစ်သက်တမ်းရှိ အငှားစာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့တော့မည်ဖြစ်ပြီး အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းအကြားတွင် အပြီးသတ်သဘောတူညီမှုရသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
16-Jul-2018 tagged as Soccer Premier League Chelsea Juventus Higuain
ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်ကိုခေါ်ယူနိုင်ရန်အတွက် လွန်စွာအခြေအနေ ကောင်းမွန်သွားခဲ့ပြီဖြစ်ကာ ဟီဂူအင်၏အေးဂျင့်ဖြစ်သူနှင့် ချယ်လ်ဆီးအသင်းအကြားတွင် အပြောင်းအရွှေ့ဆိုင်ရာ နောက်ဆုံးအဆင့်ဆွေးနွေးမှုများကို မနက်ဖြန်(ဗုဒ္ဓဟူးနေ့)တွင် စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
14-Jul-2018 tagged as Soccer Premier League Chelsea Juventus Higuain
ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူရန်အတွက် ဆွေးနွေးမှုများ တရားဝင်စတင်လိုက်ပြီဖြစ်ပြီး ဂျူဗင်တပ်အသင်းမှာ ဟီဂူအင်၏တန်ကြေးကို ပေါင် ၅၃ သန်း သတ်မှတ်တောင်းဆိုနေကြောင်း Daily Mail က ဖော်ပြထားသည်။
03-Jul-2018 tagged as Soccer Premier League Chelsea Golovin Higuain
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် အသင်းနည်းပြသစ်အဖြစ် နာပိုလီနည်းပြဟောင်း ဆာရီကို ယခုသီတင်းပတ်အတွင်း တရားဝင်ခန့်အပ် မိတ်ဆက်တော့မည်ဖြစ်ပြီး လက်ရှိတွင် ဆာရီအလိုရှိသည့် ကစားသမားအချို့ကို အသင်းထံသို့ခေါ်ယူရန်အတွက် ကမ်းလှမ်းမှုများ စတင်ရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက စီစဉ်နေပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။