News

29-Aug-2018

Soccer Premier League Chelsea David Luiz
ကွန်တီသာ ဆက်ရှိမည်ဆိုပါက အသင်းပြောင်းရွှေ့ပြီးဖြစ်နေနိုင်သည်ဟု ဒေးဗစ်လူးဝစ်ဇ် ဖွင့်ဟ၀န်ခံ

လန်ဒန်၊ သြဂုတ် ၂၉

ချယ်လ်ဆီးနောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်သည် ၎င်းအနေနှင့် အသင်းထံတွင် နည်းပြကွန်တီသာ ဆက်ရှိနေမည်ဆိုပါက လက်ရှိအချိန်တွင် အခြားသောအသင်းတစ်သင်းထံသို့ ပြောင်းရွှေ့ရောက်ရှိပြီးဖြစ်နေနိုင်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဒေးဗစ်လူးဝစ်ဇ်သည် နည်းပြကွန်တီ ရောက်လာချိန်တိုင်သည်အထိ အသင်းပြောင်းရန် စိုင်းပြင်းနေခဲ့သေးကာ နည်းပြကွန်တီက ၎င်းကို ခေါ်ယူတွေ့ဆုံကာ ပွဲကစားခွင့်ဆိုင်ရာ အာမခံချက်များအကြောင်းကို ရှင်းပြခဲ့ပြီးသည့်နောက်တွင်မှ သဘောထားပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်ဟု ဒေးဗစ်လူးဝစ်ဇ်က ပြောကြားသွားခဲ့သည်။

ဒေးဗစ်လူးဝစ်ဇ်သည် လက်ရှိတွင် နည်းပြကွန်တီ စုဖွဲ့ပုံဖော်ထားသော သုံးယောက်တန်းခံစစ်တွင် အဓိကကစားသမားတစ်ဦးအဖြစ် နေရာရရှိနေပြီဖြစ်ပြီး ၎င်းမတိုင်မီတွင် ကွင်းလယ်လူ ဝီလျံကလည်း နည်းပြ ကွန်တီသာ ဆက်ရှိနေပါက ၎င်းမှာ အသင်းပြောင်းရွှေ့ပြီးဖြစ်နေနိုင်ကြောင်း ပြောကြားခဲ့ဖူးသေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဒေးဗစ်လူးဝစ်ဇ်က “ချယ်လ်ဆီးကို စွန့်ခွာဖို့အတွက် အနီးစပ်ဆုံးအနေအထားတစ်ရပ်မှာ ကျွန်တော်ရှိနေခဲ့တာပါ။ မနှစ်ကဘောလုံးရာသီတစ်လျှောက်လုံး ပုံစံကောင်းနဲ့ ကျွန်တော်ကစားနိုင်ခဲ့တာကို နည်းပြ ကွန်တီက အခွင့်အရေးရယ်လို့ လောက်လောက်လားလား မပေးခဲ့ပါဘူး။ သူသာ အသင်းကို ဆက်လက်ဦးဆောင်နေမယ်ဆိုရင် လက်ရှိမှာ ကျွန်တော်လည်း အခြားအသင်းတစ်သင်းဆီကို ရောက်နေလောက်ပါပြီ”ဟု အသိပေးသွားခဲ့သည်။




FOLLOW US