News

POST TAGGED AS

HAZARD

08-Feb-2018 tagged as Soccer Premier League Chelsea Belgium Hazard
ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံနိုင်ငံပြင်ပရှိ နိုင်ငံခြားလိဂ်များတွင် ကစားသမားဘ၀ဖြတ်သန်းနေသော ဘယ်လ်ဂျီယံကစားသမားများအနက်မှနေ၍ အကောင်းဆုံးကစားသမားဆု ရွေးချယ်ပေးအပ်ချီးမြှင့်ရာတွင် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးကို ကျော်ဖြတ်၍ ယင်းဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၅၀၀ အထိ သုံးစွဲ၍ အသင်းကို ပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Jan-2018 tagged as Soccer Premier League Chelsea De Bruyne Hazard
ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်သည့် ဘယ်လ်ဂျီယံ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီဖြစ်ကာ ဟားဇတ်မှာ ယင်းဆုကို မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်နေးအား ကျော်ဖြတ်၍ ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့သည် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန် စီစဉ်ထားခြင်းကို ပြန်လည်သုံးသပ်နေကြပြီဖြစ်ကာ ဟာဇတ်ကိုခေါ်ယူခြင်းထက် အဆန်ဆီယိုကို ပွဲကစားခွင့် ပိုမိုပေးအပ်ခြင်းက အသင်းအတွက် အကျိုးပိုများစေနိုင်လိမ့်မည်ဟု ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက ယူဆနေကြပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏တပည့်ဟောင်းတစ်ဦးဖြစ်သည့် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို မန်ယူထံသို့ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး အကယ်၍ ဟားဇတ်ကို ရရှိနိုင်မည်ဆိုပါက ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၉၀ အထိ အသုံးပြုရန် မော်ရင်ညိုက စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် နည်းပြ ဇီဒန်းတို့သည် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန်အတွက် ချိတ်ဆက်စကားပြောဆိုမှုများ ရှိနေပြီဖြစ်ကာ ဟားဇတ်ဘက်က ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့လိုကြောင်း တရားဝင် အသိပေးခဲ့ပါက လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဟားဇတ်အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းရန် ရီးရဲလ်မက်ဒရစ်ဘက်က စီစဉ်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။