News

POST TAGGED AS

HARRY KANE

အာဆင်နယ်အသင်းအားကစားဒါရိုက်တာဟောင်း လီယန်ဘရာဒီသည် ဟယ်ရီကိန်းကို အသက်ရှစ်နှစ်အရွယ်တွင် အသင်းအကယ်ဒမီမှနေ၍ ထွက်ခွာခွင့်ပေးလိုက်သည်မှာ ဟယ်ရီကိန်း၏ခန္ဓာကိုယ်တည်ဆောက်ထားပုံက အားကစားသမားတစ်ဦးနှင့် မတူညီခြင်းကြောင့်ဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ပြီး လက်ရှိတွင်မူ ၎င်း၏ဆုံးဖြတ်ချက်မှားယွင်းခဲ့သည်ကို သိရှိလိုက်ပြီလည်းဖြစ်ကြောင်းလည်း ဘရာဒီက ဖွင့်ဟ၀န်ခံသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
ဂျူဗင်တပ်နောက်ခံကစားသမား ချီရယ်လ်လီနီသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်သည်ဟု ချီးကျူးစကားပြောလိုက်ပြီး များမကြာမီအချိန်အတွင်း ဟယ်ရီကိန်းကိုခေါ်ယူရန် ထိပ်သီးအသင်းကြီးများက အပြိုင်အဆိုင်ကြိုးပမ်းကြလိမ့်မည်ဟုလည်း ၎င်းက ဆက်လက် မှတ်ချက်ပေးအပ်သွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် စပါးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားမည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့ရာတွင် အင်္ဂလန်ကစားသမားများမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးရာ၌ ကျွမ်းကျင်ပါရဂူအဆင့်သို့ ရောက်လာခဲ့ပြီဟု မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၎င်းအနေနှင့် အာဆင်နယ်ကို ရင်ဆိုင်ကစားရသည့်ပွဲစဉ်တိုင်းတွင် မည်သူကမှန်၍ မည်သူကမှားသည်ဆိုခြင်းကို အမြဲတစေ သက်သေပြလိုခဲ့ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး လာမည့်စနေနေ့တွင် ယှဉ်ပြိုင်ရမည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း ယင်းခံယူချက်ဖြင့်ပင် အာဆင်နယ်ကို ရင်ဆိုင်သွားမည်ဟု ဟယ်ရီကိန်းက ပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် လီဗာပူးနှင့် စပါးတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ပင်နယ်တီကတစ်ဆင့် သွင်းဂိုးတစ်ဂိုး ရယူပေးလိုက်နိုင်ခြင်းနှင့်အတူ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် လက်ရှိမန်ယူတိုက်စစ်မှူး လုကာကုကို အထောင်တိုက်စစ်မှူးတစ်ဦး မည်သို့ကစားသည်ဆိုခြင်းအား စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၏ကစားဟန်ကိုကြည့်၍ အတုယူလေ့လာသင့်ကြောင်း အကြံပြုတိုက်တွန်းလိုက်သည်ဟု The Sun က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၅၀၀ အထိ သုံးစွဲ၍ အသင်းကို ပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Jan-2018 tagged as Soccer Harry Kane England Pickford
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၂၀၁၇ ခုနှစ် စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး အင်္ဂလန်လက်ရွေးစင် ကစားသမားဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီး တစ်နှစ်တာအကောင်းဆုံး ယူ-၂၁ အင်္ဂလန်လက်ရွေးစင် ကစားသမားဆုကိုမူ အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်က ရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် အသင်းတာဝန်ရှိသူများဘက်က ၎င်းကို စာချုပ်သစ်ကမ်းလှမ်းခြင်း လုံးဝမရှိသေးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ ရီးရဲလ်မက်ဒရစ်ထံသို့ ဟယ်ရီကိန်း ပြောင်းရွှေ့ရောက်ရှိနိုင်ခြေသတင်းများမှာ ပိုမိုလှုပ်ခတ်လာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
04-Jan-2018 tagged as Soccer Premier League Tottenham Harry Kane
စပါးအသင်းတာဝန်ရှိသူများသည် အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ပရီးမီယားလိဂ်၏လုပ်ခလစာအများဆုံးရ အင်္ဂလိပ်ကစားသမားအဖြစ် စံချိန်တစ်ရပ် စိုက်ထူနိုင်စေမည့် လုပ်ခလစာမျိုး ပေးအပ်ကာ စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။