News

05-Jul-2017

တမူး
တမူးနှင့် မြို့သစ်အကြားရှိ တံတားကမ်းကပ်ခုံ ရေတိုက်စားပျက်စီး

ကလေး၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ တမူးမြို့နှင့် မြို့သစ်မြို့အကြား ဆက်သွယ် သွားလာသည့် လမ်းပေါ်တွင်ရှိသည့် တံတားကမ်းကပ်ခုံ ရေတိုက်စားပျက်စီးပြီး သွားလာမှု ရပ်ဆိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

မြို့သစ်မြို့အနီးရှိ ယူးချောင်းကိုဖြတ်၍ တည်ဆောက်ထားသည့် မိုင်တိုင်အမှတ် ၂၇/၃ ရှိ တံတားကမ်းကပ်ခုံသည် ဇူလိုင်လ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၅၀ မိနစ် အချိန်ခန့်က ရေတိုက်စားပြီး အရှည် ၁၅ ပေခန့် ရေထဲမျောပါ ပျက်စီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“အခုကတော့ တိုက်စားတုန်းဆိုတော့ သွားလာလို့ မရသေးဘူး။ ရေတိုက်စားတာ ရပ်သွားရင်တော့ လူနဲ့ ဆိုင်ကယ် ကူးလို့ရအောင်လုပ်ပြီး သွားလာရမှာပေါ့။ ကားတွေကတော့ သွားလို့ရမှာ မဟုတ်ဘူး”ဟု မြို့သစ်မြို့နေ ကိုထွန်းမင်းက ပြောဆိုသည်။

R-20

  • VIA


FOLLOW US