News

POST TAGGED AS

GUARDIOLA

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လာမည့်တနင်္ဂနွေနေ့၌ မန်စီးတီးနှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကြရမည့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် လူငယ်ကစားသမားအများစုကို နေရာပေးပွဲထုတ်ရန်သာ စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဘာစီလိုနာကို တစ်ကျော့ပြန်လည် တာဝန်ယူရန် အစီအစဉ်မရှိတော့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းသို့ ဆုံးဖြတ်ထားသည့်အကြောင်းရင်းမှာ အခြားကြောင့်မဟုတ်ဘဲ အသင်းကို ပထမတစ်ကြိမ် တာဝန်ယူစဉ်ကကဲ့သို့ အောင်မြင်မှုများ ရယူပေးနိုင်ရန် မဖြစ်နိုင်တော့၍ဖြစ်သည်ဟု ဂွါဒီယိုလာက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
ဘာစီလိုနာနှင့် မန်စီးတီးတို့ထံတွင် နည်းပြဂွါဒီယိုလာနှင့် ကာလတစ်ခုကြာ လက်တွဲအလုပ်လုပ်ခဲ့သော ဝါရင့်ကွင်းလယ်ကစားသမား ယာယာတိုရေးသည် ဂွါဒီယိုလာထံတွင် လူမျိုးရေးခွဲခြားတတ်သော အကျင့်ဆိုးရှိကြောင်း ဝေဖန်ပြစ်တင်လိုက်ပြီး ဂွါဒီယိုလာမှာ လူမည်းကစားသမားများကို မည်သည့်အခါကမျှ မျက်နှာသာပေးခြင်း မရှိခဲ့ကြောင်း ဂွါဒီယိုလာက အသိပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
28-May-2018 tagged as Soccer Guardiola Neymar PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ၎င်းအနေနှင့် လက်ရှိမန်စီးတီးနည်းပြ ဂွါဒီယိုလာ၏လက်အောက်တွင် လွန်စွာ ကစားခွင့်ရလိုကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီး ဂွါဒီယိုလာနှင့် လက်တွဲအလုပ်လုပ်ခွင့်ရလိုခြင်းကြောင့်သာ ၎င်းအနေနှင့် ဘာစီလိုနာထံတွင် ကစားသမားဘ၀ဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု နေမာက ရှင်းပြသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ရာသီသိမ်းပွဲစဉ်တွင် ဆောက်သမ်တန်ကို အနိုင်ကစား၍ ပရီးမီးယားလိဂ်တွင် ရမှတ် ၁၀၀ ရယူကာ ပထမဆုံးချန်ပီယံဖြစ်သည့်အသင်းအဖြစ် စံချိန်တစ်ခု ရေးထိုးစိုက်ထူမည်ဟု ဖွင့်ဟပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် အသက် ၁၈ နှစ်အရွယ် လူငယ်နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူတော့မည်ဖြစ်ပြီး ယင်းလူငယ်ကစားသမားမှာ အေဂျက်နောက်ခံလူ မားသီးယပ်စ် ဒီလိုက်ဂ်ျဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုညစာ တည်ခင်းကျွေးမွေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းနောက်ခံကစားသမားတစ်ဦးဖြစ်သူ ဂျွန်စတုန်းစ်ကို ရောင်းထုတ်လိုက်ရန် ကြံရွယ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကိုဘောလုံးလောကအား အပြီးသတ် ကျောခိုင်းခြင်းမျိုး မဟုတ်ဘဲ အခန်းကဏ္ဍတစ်ရပ်ရပ်တွင် ဆက်လက်ကျင်လည်ဖြတ်သန်းသွားရန် တိုက်တွန်းစကားပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက စတုတ်စီးတီးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အ၀ါရောင်ဖဲကြိုးတပ်လှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်ခဲ့သည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေး၏စွဲချက်တင်စစ်ဆေးမှုများဖြင့် ဆက်လက်ရင်ဆိုင်သွားရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။