News

POST TAGGED AS

GRIEZMANN

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရွှေ့ရန် အစီအစဉ် မရှိဘဲ အက်သလက်တီကိုထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းသွားရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
12-Jun-2018 tagged as Soccer La Liga Barcelona Messi Griezmann
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် အသင်းတာဝန်ရှိသူများကို တိုက်စစ်ကို အားဖြည့်ရန်အတွက် ဂရစ်ဇ်မန်းကို အရခေါ်ယူရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ပြီဖြစ်ပြီး အသင်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တစ်ကျော့ပြန်လည် ချန်ပီယံဖြစ်နိုင်ရေးမှာ ဂရစ်ဇ်မန်းကဲ့သို့သော ကစားသမားမျိုးရှိမှဖြစ်လိမ့်မည်ဟု မက်ဆီက မှတ်ချက်ပေးသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်းအနေနှင့် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရန်ထက် အက်သလက်တီကိုနှင့်စာချုပ်သစ်ချုပ်နိုင်ရန်ကိုသာ ပိုမိုဆန္ဒရှိနေကြောင်း ၎င်းနှင့်ရင်းနှီးသောမိတ်ဆွေများကို ထုတ်ဖော်ပြောကြားထားပြီဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်ကလည်း ဂရစ်ဇ်မန်းအတွက် အက်သလက်တီကိုကသာလျှင် အကောင်းဆုံးနှင့် အသင့်တော်ဆုံးအသင်းဖြစ်သည်ဟု ထောက်ခံပြောကြားထားကြောင်း The Mirror က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကိုခေါ်ယူရန် ကြိုးပမ်းရာတွင် စည်းမျဉ်းချိုးဖောက်၍ တရားမ၀င်ဆက်သွယ်ခဲ့ဖွယ်ရှိကြောင်း အချက်အလက်များ ထွက်ပေါ်လာခဲ့သည့်အတွက် အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှု ၂ နှစ်ခွဲ ပိတ်ပင်ခံရဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အက်သလက်တီကိုအသင်းတာဝန်ရှိသူများသည် အသင်းထံတွင် ဂရစ်ဇ်မန်း ဆက်ရှိနိုင်စေရေးအတွက် ဘာစီလိုနာထက် လုပ်ခလစာ ယူရို ၁၀ သန်း ပိုပေး၍ စည်းရုံးရေးဆင်းနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီသည် အက်သလက်တီကိုက မာဆေးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် အသင်းအဓိကတိုက်စစ်မှူး ဂရစ်ဇ်မန်းမှာ လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် အက်သလက်တီကိုကိုစွန့်ခွာ၍ အသင်းပြောင်းရန် သေချာနေပြီဟု အရိပ်အမြွက် အသိပေးသွားခဲ့ကြောင်း AS က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရရှိခဲ့ပါက ဆွာရက်ဇ်ကို ရောင်းထုတ်လိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကာ ဆွာရက်ဇ်ကိုယ်တိုင်ကလည်း အရန်ကစားသမားအဖြစ် ဖြတ်သန်းရမည့်အခြေအနေကို ရင်မဆိုင်လို၍ အသင်းပြောင်းရန် သေချာနေကြောင်း Daily Star က ဖော်ပြထားသည်။
ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်သည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ဘာစီလိုနာထံသို့ ပြောင်းရွှေ့ပြီးပါက ၎င်း၏နေရာကို အစားဝင်နိုင်လိမ့်မည်ဟု စိတ်ကူးထားလျှင် ယင်းစိတ်ကူးကို ပယ်ဖျက်ပစ်လိုက်ရန် သတိပေးစကား ပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Apr-2018 tagged as Soccer La Liga Griezmann Atletico Madrid
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရန် သဘောတူညီလိုက်ပြီဖြစ်ပြီး ဂရစ်ဇ်မန်းအတွက် အက်သလက်တီကိုဘက်က သတ်မှတ်ထားသော စာချုပ်ဖျက်သိမ်းခတန်ကြေး ပေါင် ၈၈ သန်းကို ပေးချေလိုက်ရန်လည်း ဘာစီလိုနာက ဆုံးဖြတ်ထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းသည် မန်ယူထံသို့ ပြောင်းရွှေ့ဖြစ်ခဲ့မည်ဆိုပါက ၎င်း၏တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင်လေးသိန်းအထိ တောင်းဆိုရန် ရည်ရွယ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။