News

POST TAGGED AS

GIROUD

အဲဗာတန်နည်းပြ ဆမ်အလာဒွိုက်စ်သည် ၎င်းအနေနှင့် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်ကို ခေါ်ယူနိုင်ရန် အဆင်ပြေဖွယ် မရှိတော့ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး အဲဗာတန်ထံသို့ ဂျီရုဒ်ပြောင်းရွှေ့မည့်အစီအစဉ်ကို အဓိက တားမြစ်မည့်သူမှာ ဂျီရုဒ်၏ဇနီးသည်ဖြစ်နေကြောင်း ဆမ်အလာဒွိုက်စ်က ပြောကြားလိုက်သည်ဟု The Mirror က ဖော်ပြထားသည်။
25-Dec-2017 tagged as Soccer Premier League Arsenal Giroud
အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်၏အေးဂျင့်ဖြစ်သူသည် ဂျီရုဒ်၏အနာဂတ်အခန်းကဏ္ဍကို အာဆင်နယ်အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် လန်ဒန်မြို့သို့ လာရောက်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်သည် အာဆင်နယ်က ၀က်စ်ဟမ်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ခရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည့်အတွက် မနက်ဖြန်(သောကြာနေ့)တွင် လီဗာပူးနှင့်ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအတွက် ပါဝင်ကစားပေးနိုင်တော့မည် မဟုတ်ကြောင်း The Sun က ဖော်ပြထားသည်။
အဲဗာတန်တိုက်စစ်မှူး ရူနီသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်ကို အရခေါ်ယူပေးပါရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်သည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်ကိုစွန့်ခွာ၍ အသင်းပြောင်းရန် စီစဉ်သွားမည်မဟုတ်ဟု အသိပေးလိုက်ပြီဖြစ်ပြီး အာဆင်နယ်နှင့် ၎င်းအကြားတွင် ဆက်လက်လုပ်ဆောင်ရမည့် အရေးကိစ္စများစွာ ကျန်ရှိနေသေးသည်ဟုလည်း ဂျီရုဒ်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။