News

POST TAGGED AS

GARY OLDMAN

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ရှိ ဒေါ်လ်ဘိုင်းကဇာတ်ရုံတွင် ကျင်းပပြီးစီးသွားခဲ့သော အကြိမ် ၉၀ မြောက် အော်စကာဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား၌ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့သည့် သရုပ်ဆောင်မင်းသားကြီး ဂယ်ရီအိုးလ်မန်းသည် ၎င်းင်းဆွတ်ခူးရရှိခဲ့သည့် အော်စကာဆုကိုကိုင်ကာ မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်က အမှတ်တရလက်မှတ်ရေးထိုးပေးထားသော မန်ယူအသင်းဂျာစီအင်္ကျီကို ၀တ်ဆင်၍ ၎င်းမှာ မန်ယူအသင်းပရိသတ်တစ်ဦးဖြစ်ကြောင်းကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။