News

POST TAGGED AS

GARETH BALE

13-Jun-2018 tagged as Soccer La Liga Real Madrid Gareth Bale
ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်က ၎င်းကိုခေါ်ယူရန်အတွက် ဆက်သွယ်ကမ်းလှမ်းလာခဲ့မှုများကို ငြင်းဆန်ပယ်ချလိုက်ပြီဖြစ်ပြီး ယင်းသို့ ဘိုင်ယန်မြူးနစ်၏ကမ်းလှမ်းမှုကို လက်မခံခဲ့သည်မှာ ၎င်းအောင်မြင်ခဲ့ရာ ပရီးမီးယားလိဂ်ထံသို့ ပြန်လည်ပြောင်းရွှေ့လို၍ဖြစ်သည်ဟုလည်း ဂါရတ်ဘေးလ်က ဖွင့်ဟအသိပေးထားပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။
03-Jun-2018 tagged as Soccer La Liga Real Madrid Gareth Bale
ဂါရတ်ဘေးလ်၏ချစ်သူ အမ်မာရွိုင်းဂျုံးစ်သည် ၎င်း၏ဖခင်ဖြစ်သူကို မာတင်ကို စိတ်ကွက်မှုများရှိနေသည့်အတွက် သူမနှင့် ဂါရတ်ဘေးလ်တို့၏လက်ထပ်မင်္ဂလာပွဲကို တက်ရောက်ရန် မဖိတ်ကြားကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိနွေဈေးကွက်အတွင်း ကစားသမားသစ်များခေါ်ယူရန်အတွက် အသုံးပြုမည့် အပြောင်းအရွှေ့အသုံးစရိတ်များကို ဂါရတ်ဘေးလ်တစ်ဦးတည်းအတွက် မဖြုန်းတီးပစ်လိုက်ရန် မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ကို သတိပေးထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်သည် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပရီးမီးယားလိဂ်ထံသို့ တစ်ကျော့ပြန်လည်လာရောက်၍ ကစားသမားဘ၀ဖြတ်သန်းရန် ဖိတ်ခေါ်လိုက်ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ထံတွင် ဂါရတ်ဘေးလ်အတွက် ယခုထက်ပို၍ လုပ်ပြစရာဟူ၍ မကျန်ရှိတော့ကြောင်း ဖာဒီနန်က အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောကြားသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ်ကို ကျောခိုင်းစွန့်ခွာရန် စီစဉ်နေပြီဖြစ်သည့် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး ဂါရတ်ဘေးလ်ကို ရရှိနိုင်မည်ဆိုပါက မန်ယူမှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၂၂ သန်းသုံးစွဲရန် ပြင်ဆင်ထားလျက်ရှိကြောင်း Daily Star က ဖော်ပြထားသည်။
28-May-2018 tagged as Soccer La Liga Real Madrid Gareth Bale
ရီးရဲလ်မက်ဒရစ် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် လက်ရှိ နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရန် သေချာလုနီးပါး ရှိလာခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် နည်းပြ ဇီဒန်းက ၎င်းကို စကားမပြောဘဲ သုံးနာရီကျော်ကြာ ထားရှိခဲ့သည့်ကိစ္စကို ဂါရတ်ဘေးလ်က စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ၎င်းအနေနှင့် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် နေရာပေးခြင်း မခံရပါက အသင်းပြောင်းရန် စဉ်းစားတော့မည်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန် အစီအစဉ် ရေးဆွဲထားသည်ကို ဖျက်သိမ်းပစ်လိုက်ပြီဖြစ်ပြီး ယင်းသို့ အစီအစဉ်ဖျက်သိမ်းလိုက်သည်မှာ ရီးရဲလ်မက်ဒရစ်က ဂါရတ်ဘေးလ်အတွက် သတ်မှတ်ထားသောတန်ကြေး လွန်စွာမြင့်မားနေခြင်းကြောင့်ဖြစ်သည်ဟု Marca က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကိုခေါ်ယူရန်အတွက် လိုအပ်သော အပြောင်းအရွှေ့အသုံးစရိတ်တစ်ရပ် ရရှိနိုင်စေရန် မာတီရယ်လ်ကို လက်လွှတ်ရောင်းထုတ်လိုက်ဖွယ်ရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗာဂရန်ဒီအသင်းသည် ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန်အတွက် မန်ယူနှင့်အပြိုင် ကြိုးပမ်းရန် ပြင်ဆင်နေပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၅ သန်းဝန်းကျင် ရရှိမည်ဆိုပါက ဂါရတ်ဘေးလ်ကို ရောင်းထုတ်လိုက်ဖွယ် ရှိနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။