News

POST TAGGED AS

GALATASARY

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် ဘ၀အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် ၎င်းတို့၏အသင်းသားဟောင်းတစ်ဦးဖြစ်သော အီဘိုယေးကို တတ်နိုင်သည့်ဘက်က အစွမ်းကုန် အကူအညီပေးအပ်သွားမည်ဟု သတင်းထုတ်ပြန်လိုက်ပြီဖြစ်ကာ လက်ရှိတွင် တူရကီကလပ် ဂါလာတာစာရေးအသင်းကလည်း အီဘိုယေးကို လူငယ်အသင်းနည်းပြအဖြစ် ၎င်းတို့ထံသို့ လာရောက်တာဝန်ထမ်းဆောင်ရန် အလုပ်ကမ်းလှမ်းထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
တူရကီကလပ် ဂါလာတာစာရေးအသင်းသည် ငွေကြေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည့် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သူ အီဘိုယေးကို အလုပ်တစ်ခုပေးအပ်ရန် ကမ်းလှမ်းထားကြောင်း Daily Mail က ဖော်ပြထားသည်။