News

POST TAGGED AS

FRED

မန်ယူအသင်းသည် ရှက်တာဒိုးနက်ကွင်းလယ်ကစားသမား ဖရက်ဒ်ကို တရားဝင်လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ငါးနှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုလိုက်ခြင်းဖြစ်သည်ဟု မန်ယူက သတင်းထုတ်ပြန်ထားသည်။
ရှက်တာဒိုးနက်ကွင်းလယ်ကစားသမား ဖရက်ဒ်သည် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများခံယူရန် မန်ယူအသင်းပိုင် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မန်ယူမှာ ဖရက်ဒ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်း ပေးချေကာ ၀ယ်ယူလိုက်ခြင်းဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းကွင်းလယ်ကို အားဖြည့်ရန်အတွက် ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ်ကိုခေါ်ယူနိုင်ရန် သေချာသွားခဲ့ပြီဖြစ်ပြီး ဖရက်ဒ်မှာ လာမည့်သီတင်းပတ်အတွင်း အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများခံယူရန် မန်ယူအသင်းအခြေစိုက်ရာ မန်ချက်စတာမြို့သို့ရောက်လာလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် ရှက်တာဒိုးနက်ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ခေါ်ယူရန်အတွက် အပြီးသတ် သဘောတူညီချက်တစ်ရပ် ရယူလိုက်နိုင်ပြီဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြလိုက်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ရန်အတွက် မန်ယူမှာ ရှက်တာဒိုးနက်က ဖရက်ဒ်အတွက် သတ်မှတ်ထားသော ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၂ သန်းကို အပြည့်အ၀ ပေးချေလိုက်ရကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်ရန် သေချာလုနီးပါး ရှိနေပြီဖြစ်ပြီး ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ကစားသမားသစ်ရှာဖွေမှုကိုပင် နည်းပြ မော်ရင်ညိုက ဆောင်ရွက်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။