News

POST TAGGED AS

FLORENTINO PEREZ

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် စီရော်နယ်ဒိုအပြောင်းအရွှေ့ဖြစ်စဉ်က ၎င်းအပေါ်သို့ အကျိုးဆက်ရိုက်ခတ်မှုများဖြစ်လာမည်ကို စိုးရိမ်နေပြီဖြစ်ကာ စီရော်နယ်ဒိုအနေနှင့် ယခုအပြောင်းအရွှေ့ကို အသင်းဘက်က တွန်းအားပေးခြင်းကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်ဆန္ဒဖြင့် ဆုံးဖြတ်ချက်ချလိုက်သည့် သဘောမျိုး ပါဝင်သော စကားများပြောကြားကာ ရီးရဲလ်မက်ဒရစ်ပရိသတ်များကို နှစ်သိမ့်ပေးရန် ပီရက်ဇ်က လိုလားနေကြောင်း AS က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် လက်ရှိနွေဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူရေးဆိုင်ရာကိစ္စရပ်များအတွက် အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် သဘောထားကွဲလွဲမှုများရှိခဲ့ခြင်းကြောင့် အဆုံးသတ်တွင် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
08-Feb-2018 tagged as Soccer La Liga Real Madrid Florentino Perez
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြဇီဒန်းကို ရာထူးထုတ်ပယ်၍ နည်းပြသစ်တစ်ဦးခေါ်ယူခန့်အပ်ရန် စီစဉ်နေပြီဖြစ်ပြီး ပီရက်ဇ်ခေါ်ယူလိုသည့် နည်းပြသစ်လျာထားစာရင်းတွင် ထိပ်ဆုံးနေရာ၌ရှိနေသူမှာ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုးဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် လီဗန်တေးနှင့် ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် စပိန်လာလီဂါပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် အသင်း၏စွမ်းဆောင်ရည်ကို လုံးဝပင် နားမလည်နိုင်တော့ကြောင်း ဝေဖန်ပြစ်တင်သွားခဲ့ပြီး လက်ရှိအခြေအနေများအရ ရီးရဲလ်မက်ဒရစ်မှာ လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားခွင့်ရနိုင်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုကို လက်ရှိအချိန်တွင် လုပ်ခလစာတိုးမြှင့်ပေးချေရန် အစီအစဉ် မရှိကြောင်း အတိအလင်း အသိပေးလိုက်ပြီဖြစ်ပြီး ယင်းအချက်ကြောင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စီရော်နယ်ဒိုမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာ၍ အသင်းပြောင်းဖွယ်အခြေအနေများ ဖြစ်ပေါ်လာရန် နီးစပ်နေပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။