News

POST TAGGED AS

FERNANDINHO

08-Jul-2018

Soccer World Cup Brazil Fernandinho
ဖာနန်ဒင်ညိုနှင့် မိသားစုဝင်များ လူမျိုးရေးခွဲခြားခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများဖြင့် ရင်ဆိုင်နေရ

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၈

ဘရာဇီးကွင်းလယ်ကစားသမား ဖာနန်ဒင်ညိုနှင့် ၎င်း၏မိသားစုဝင်များသည် ဘယ်လ်ဂျီယံက ဘရာဇီးက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ဖာနန်ဒင်ညို ကိုယ့်ဂိုးကိုယ်ပြန် သွင်းမိခဲ့သောဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူမျိုးရေးခွဲခြားခံရခြင်း၊ အသက်အန္တရာယ်ခြမ်းခြောက်ခံရခြင်းများဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘရာဇီးအသင်းအားပေးသူများသည် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် ဖာနန်ဒင်ညိုနှင့် ၎င်း၏မိသားစုဝင်များထံသို့ ခြိမ်းခြောက်စာများ ပေးပို့နေခြင်းဖြစ်ပြီး ဖာနန်ဒင်ညို၏မိသားစုဝင်အချို့မှာ လက်ရှိတွင် အင်တာနက်အသုံးပြုမှုကို ရပ်ဆိုင်းထားလိုက်ကြပြီလည်းဖြစ်သည်။

ဖာနန်ဒင်ညိုသည် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် “မျောက်”ဟု ခေါ်ဝေါ်ခြင်းခံနေရပြီး ဖာနန်ဒင်ညို၏ဇနီးသည်ဖြစ်သူ ရိုဆာ ဂလူစီယာကလည်း သူမ၏လူမှုကွန်ရက်စာမျက်နှာများတွင် ဘရာဇီးဘောလုံးပရိသတ်များက “ငါတို့အားလုံးရဲ့မျှော်လင့်ချက်တွေကို မင်းယောက်ျားက ဖျက်ဆီးပစ်လိုက်တယ်။ မင်းတို့တစ်မိသားစုလုံး သတိနဲ့သာ နေကြပေတော့”ဟု ၀င်ရောက်ရေးသာကာ ခြိမ်းခြောက်မှုများရှိနေကြောင်း ပြောကြားထားသည်။

ဘရာဇီးသတင်းစာများသည် ဘရာဇီးလက်ရွေးစင်အသင်းကို ကွာတားဖိုင်နယ်အဆင့်၌ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့ခြင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်နေပြီး ဘရာဇီးကစားသမားများမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆုနှင့်လွဲချော်ခဲ့ရသောဖြစ်စဉ်မှနေ၍ ဘာတစ်ခုကိုမျှ သင်ခန်းစာရယူနိုင်ခြင်း မရှိခဲ့ကြောင်း ယင်းသတင်းစာများက ရေးသားထားကြသည်။




FOLLOW US