News

POST TAGGED AS

FERDINAND

ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်သည် ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ပင်နယ်တီကို ပုံစံသစ်တစ်ရပ်ဖြင့် ကန်ပြခဲ့သည်မှာ ၎င်းအတွက်မူ မထူးခြားတော့ကြောင်း ပြောကြားသွားခဲ့ပြီး စီရော်နယ်ဒိုမှာ ပင်နယ်တီကို ယင်းသို့ကန်သွင်းနိုင်စေရန် အချိန်ယူ၍ ကြိမ်ဖန်များစွာ စနစ်တကျ လေ့ကျင့်ထားခြင်းဖြစ်ကြောင်း ဖာဒီနန်က ရှင်းပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် လက်ရှိမန်ယူတိုက်စစ်မှူး လုကာကုကို အထောင်တိုက်စစ်မှူးတစ်ဦး မည်သို့ကစားသည်ဆိုခြင်းအား စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၏ကစားဟန်ကိုကြည့်၍ အတုယူလေ့လာသင့်ကြောင်း အကြံပြုတိုက်တွန်းလိုက်သည်ဟု The Sun က ဖော်ပြထားသည်။
မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် ဘေဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်ကို မန်ယူကစားသမားများက ပရော်ဖက်ရှင်နယ်စိတ်ဓာတ်မျိုးဖြင့် ကစားသွားခဲ့ခြင်း မရှိကြောင်း ပြစ်တင်ဝေဖန်သွားခဲ့ပြီး ယင်းအတွက် အဆုံးသတ်တွင် ပွဲစဉ်အပေါ် အာရုံစူးစိုက်မှု နည်းပါးလွန်းခဲ့ခြင်းက မန်ယူကို ဒဏ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဖာဒီနန်က မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။