News

POST TAGGED AS

FAKIR

13-Jun-2018 tagged as Liverpool Soccer Ligue Lyon Fakir
လိုင်ယွန်အသင်းသည် တိုက်စစ်မှူး ဖာကီရာကို လီဗာပူးထံသို့ ရောင်းချရန်မှာ အဆင်မပြေနိုင်သေးကြောင်း သတင်းထုတ်ပြန်ထားပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် ဖာကီရာအပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ပြောင်းရွှေ့ကြေးဆွေးနွေးညှိနှိုင်းမှုများမှာ ယခုအချိန်တိုင်သည်အထိ အပြီးသတ် သဘောတူညီချက်တစ်ရပ် မရရှိနိုင်သေးကြောင်း လိုင်ယွန်ဥက္ကဋ္ဌ ဂျင်းန် မိုက်ကယ် အောလတ်စ်က ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
03-Jun-2018 tagged as Liverpool Soccer Premier League Lyon Fakir
လိုင်ယွန်တိုက်စစ်မှူး ဖာကီရာ၏အေးဂျင့်ဖြစ်သူသည် လက်ရှိတွင် ဖာကီရာ၏အပြောင်းအရွှေ့နှင့်သက်ဆိုင်သည့် နောက်ဆုံးအဆင့်ဆွေးနွေးမှုများကို ဆောင်ရွက်ရန်အတွက် လီဗာပူးအသင်းအခြေစိုက်ရာ အင်္ဂလန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပြီး လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် ဖာကီရာကို အသင်းကစားသမားအဖြစ် စာချုပ်ချုပ်ဆိုလိုက်နိုင်ရန် ဆန္ဒရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
30-May-2018 tagged as Liverpool Soccer Premier League Fakir Fabinho
လီဗာပူးထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၃ ဒသမ ၇ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သော မိုနာကိုနောက်ခံလူ ဖာဘီညိုသည် လိုင်ယွန်တိုက်စစ်မှူး ဖာကီရာကို စဉ်းစားတွေဝေခြင်းများဖြင့် အချိန်မဖြုန်းသင့်ဘဲ လီဗာပူးထံသို့ ပြောင်းရွှေ့နိုင်စေရန် အစွမ်းကုန်ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
17-Feb-2018 tagged as Arsenal Ligue Lyon Fakir
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လိုင်ယွန်ကွင်းလယ်တိုက်စစ်ကစားသမား ဖာကီရာကို လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီတွင် အရခေါ်ယူပေးပါရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းတောင်းဆိုလိုက်ပြီဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ရှိ ဖာကီရာကိုခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၅ သန်း သုံးစွဲရန် အာစင်ဝင်းဂါးက ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန် ရည်ရွယ်ထားခြင်းကို လက်လျှော့လိုက်ပြီဖြစ်ပြီး သောမတ်စ်လီမာကို အာဆင်နယ် မခေါ်ယူတော့ဟု ဆုံးဖြတ်လိုက်သည်မှာ ယင်းကစားသမားအတွက် မိုနာကိုဘက်က သတ်မှတ်ထားသည့်တန်ကြေးမှာ လွန်စွာ မြင့်မားလွန်းနေခြင်းကြောင့်ဖြစ်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။