News

POST TAGGED AS

FDA

31-May-2018 tagged as FDA
ဈေးကွက်များအတွင်းရောင်းချသော ဆေးပစ္စည်းများကိုဝယ်ယူ၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဌာန၏ တင်သွင်းခွင့်ထောက်ခံချက် လက်မှတ်ရရှိထားသော PLUSFLON အမည်ရှိ ဆေးပစ္စည်းကို တင်သွင်းခွင့်ထောက်ခံချက် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်သည်။
နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူးဖြစ်သူ မရွှေရည်ဝင်းကို လူသတ်မုဒိမ်းကျင့်မှုဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခံထားရသည့် အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို မေလ ၁၄ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ရာ ၎င်းက လုယက်သတ်ဖြတ် အဓမ္မပြုကျင့်မှုများ မပြုလုပ်ခဲ့ကြောင်း တရားခွင်တွင် ထွက်ဆိုသည်။
03-May-2018 tagged as ရန်ကုန် FDA
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးရန် မသင့်သည့် အစားအသောက် ခုနစ်မျိုးကို ပြန်လည်သိမ်းဆည်းရန် လက်လီရောင်းချသူများနှင့် လုပ်ငန်းရှင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အကြောင်းကြားထားကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
30-Apr-2018 tagged as FDA
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဝန်ထမ်းအမျိုးသမီးကိုသတ်ဖြတ်ပြီး မုဒိမ်းကျင့်ပစ္စည်းများ လုယူမှုဖြင့် တရားစွဲဆိုထားသော အငှားယာဉ်မောင်း အမျိုးသားကို သေဒဏ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ဂ) ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
28-Apr-2018 tagged as မန္တလေး FDA
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်ထားသည့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မေလ ၄ ရက်နေ့ကစ၍ မန္တလေးတိုင်း တရားလွှတ်တော်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရသည်။
FDA ဝန်ထမ်းအမျိုးသမီး သတ်ဖြတ်မုဒိမ်းကျင့်ခံရမှုမှ ဖမ်းဆီးထားသော အငှားယာဉ်မောင်း အမျိုးသားကို တရားစွဲဆိုထားသည့် ပုဒ်မများဖြင့် စွဲချက်တင် စစ်ဆေးသင့်မသင့်ကို လာမည့် ရုံးချိန်းတွင် တရားသူကြီးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ယနေ့ ဧပြီလ ၂ဝ ရက်တွင် အမှုဖွင့်လိုက်သည်။
FDA ဝန်ထမ်းအမျိုးသမီး မုဒိမ်းကျင့် အသတ်ခံရမှုနှင့်ပတ်သက်၍ ဧပြီလ ၂ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ခုနစ်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုပြသက်သေတွင် ပါဝင်သည့် မှုခင်းဆရာဝန်က သေဆုံးသူ၏ ခန္ဓာကိုယ်အတွင်း၌ အမျိုးသားသုက်ပိုးကို မတွေ့ရှိခဲ့ကြောင်း ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။
28-Mar-2018 tagged as FDA
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မြို့နယ်များရှိ အလှကုန်ပစ္စည်းဆိုင်များနှင့် ဆေးဆိုင်များကို စစ်ဆေးခဲ့ပြီး သတ်မှတ် စံချိန်စံညွှန်းနှင့် မညီဘဲ ရောင်းချနေသည့်ဆိုင်အချို့ကို နောက်နောင်မရောင်းချရန် ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ပြည် ခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ စိုးသက်နောင်က ပြောကြားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း မုဒိမ်းကျင့် အသတ်ခံမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ချစ်သူ အမျိုးသားအပါအဝင် တရားလိုပြသက်သေ သုံးဦးကို မတ်လ ၂၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။