News

POST TAGGED AS

FDA

FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှုမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ)ဖြင့် စွဲချက်တင်စစ်ဆေးနေသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဇွန်လ ၂၂ ရက် (ယနေ့) တွင် သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ အခြေခံ ပညာကျောင်းများ၌ ယခုပညာသင်နှစ်တွင် ကျောင်းမုန့် ဈေးတန်းများ၌ ရောင်းချနေသော စားသုံးရန်မသင့်သည့်မုန့်များကို ကျောင်းသား၊ ကျောင်းသူများ ရှောင်ကြဉ်နိုင်ရေးအတွက် အသိပညာပေးရေး လှုပ်ရှားမှုကို ဇွန်လ ၂၀ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်။
19-Jun-2018 tagged as မန္တလေး FDA
နိုင်ငံခြားဖြစ်ဆေးလိပ်နှင့် ဆေးလိပ်ဘူးပုံစံ ထုပ်ပိုးထားသည့် ချိုချဉ်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) က ဈေးကွက်အတွင်းမှ သိမ်းဆည်းကာ ရောင်းချသည့်ဆိုင်ရှင်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးနှင့် သားသတ်ဌာနက ခံဝန်ထိုးခိုင်းခဲ့သည်။
11-Jun-2018 tagged as ရန်ကုန် FDA
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ထောက်ခံချက် ရယူထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်ထဲသို့ ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီသုံးခုကို ဗဟန်းမြို့မ ရဲစခန်းတွင် အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၃၁ ဖြင့် အမှုများ အသီးသီးရေးဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဂတိလိုက်စားမှုဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်အမှုကို ယ​နေ့ လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးရာတွင် မြို့နယ် တရားသူကြီး ၂ ဦးကို တရားလိုပြသက်သေများအဖြစ် စစ်ဆေးခဲ့သည်။
31-May-2018 tagged as FDA
ဈေးကွက်များအတွင်းရောင်းချသော ဆေးပစ္စည်းများကိုဝယ်ယူ၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဌာန၏ တင်သွင်းခွင့်ထောက်ခံချက် လက်မှတ်ရရှိထားသော PLUSFLON အမည်ရှိ ဆေးပစ္စည်းကို တင်သွင်းခွင့်ထောက်ခံချက် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်သည်။
နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူးဖြစ်သူ မရွှေရည်ဝင်းကို လူသတ်မုဒိမ်းကျင့်မှုဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခံထားရသည့် အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို မေလ ၁၄ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ရာ ၎င်းက လုယက်သတ်ဖြတ် အဓမ္မပြုကျင့်မှုများ မပြုလုပ်ခဲ့ကြောင်း တရားခွင်တွင် ထွက်ဆိုသည်။
03-May-2018 tagged as ရန်ကုန် FDA
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးရန် မသင့်သည့် အစားအသောက် ခုနစ်မျိုးကို ပြန်လည်သိမ်းဆည်းရန် လက်လီရောင်းချသူများနှင့် လုပ်ငန်းရှင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အကြောင်းကြားထားကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
30-Apr-2018 tagged as FDA
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဝန်ထမ်းအမျိုးသမီးကိုသတ်ဖြတ်ပြီး မုဒိမ်းကျင့်ပစ္စည်းများ လုယူမှုဖြင့် တရားစွဲဆိုထားသော အငှားယာဉ်မောင်း အမျိုးသားကို သေဒဏ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ဂ) ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
28-Apr-2018 tagged as မန္တလေး FDA
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်ထားသည့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မေလ ၄ ရက်နေ့ကစ၍ မန္တလေးတိုင်း တရားလွှတ်တော်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရသည်။