News

POST TAGGED AS

FA CUP

ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းတာဝန်ရှိသူများကို ၎င်းအား ရာထူးထုတ်ပယ်ပါက ကြီးစွာသော အမှားကျူးလွန်မှုကြီးဖြစ်သွားလိမ့်မည်ဟု ပြင်းပြင်းထန်ထန် သတိပေးစကားပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ ယခုဗိုလ်လုပွဲတွင် ပိုကောင်းသည့်အသင်းက ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်နှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
26-Mar-2018 tagged as Liverpool Soccer Firmino Holgate FA Cup
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးက အဲဗာတန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင်ဖြစ်ပွားခဲ့သော လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုက အဲဗာတန်နောက်ခံလူ ဟိုးလ်ဂိတ်ကို လူမျိုးရေးခွဲခြားသည့်စကားရပ်များဖြင့် သုံးနှုန်းစော်ကားခဲ့သည့်ဖြစ်စဉ်ကို စစ်ဆေးမှုများဆောင်ရွက်အပြီးတွင် ဖာမင်ညို၌ အပြစ်မရှိဟုဆုံးဖြတ်လိုက်ကြောင်း Daily Maul က ဖော်ပြထားသည်။
21-Mar-2018 tagged as Soccer FA Cup Semifinals
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ မန်ယူမှာ စပါးနှင့် မဲကျသွားခဲ့ပြီး ချယ်လ်ဆီးမှာ ဆောက်သမ်တန်နှင့် ထိပ်တိုက်တွေ့သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
05-Feb-2018 tagged as Liverpool Soccer Everton Firmino Holgate FA Cup
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုကို လူမျိုးရေးခွဲခြားစော်ကားသည့်ကိစ္စရပ်အတွက် စွဲချက်တင်သင့်၊ မတင်သင့်ကို ယခုသီတင်းပတ်အတွင်း ဆုံးဖြတ်သွားတော့မည်ဖြစ်ပြီး အကယ်၍ စွဲချက်တင်ခံလိုက်ရမည်ဆိုပါက ဖာမင်ညိုမှာ လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ကဲ့သို့ ရှစ်ပွဲပြစ်ဒဏ် ကျခံရရန် နီးစပ်သွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
30-Jan-2018 tagged as Soccer Draw FA Cup Fifth Round
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယင်းပဉ္စမအဆင့်တွင် ပရီးမီးယားလိဂ်အသင်းကြီးများအားလုံးမှာ ပွဲချောင်ခဲ့ပြီး ၂၀၁၃ ခုနှစ် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ဆုံတွေ့ခဲ့သော ဝီဂန်နှင့် မန်စီးတီးတို့ ထိပ်တိုက်တွေ့ရန် မဲကျသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ဝက်စ်ဘရွန်းနည်းပြ အလန်ပါဂျူးသည် ၀က်စ်ဘရွန်းက လီဗာပူးကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်၏ချို့ယွင်းချက်များကြောင့် ၎င်းတို့အနေနှင့် လွန်စွာထိခိုက်နစ်နာခဲ့ရသည်ဟု ပြစ်တင်ဝေဖန်သွားခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)တာဝန်ရှိသူများဘက်က VAR စနစ်အသုံးပြုခြင်းကို ပြန်လည်သုံးသပ်ဆန်းစစ်သင့်ကြောင်းလည်း အလန်ပါဂျူးက ဆက်လက် တိုက်တွန်းသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
09-Jan-2018 tagged as Soccer Draw FA Cup Fourth Round
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယင်းစတုတ္ထအဆင့်တွင် ပရီးမီးယားလိဂ်အသင်းကြီးအများစု ပွဲချောင်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။