News

POST TAGGED AS

EVERTON

12-Jun-2018 tagged as Soccer Premier League Everton Rooney DC United
အဲဗာတန်တိုက်စစ်မှူး ရူနီသည် အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့တော့မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အပြောင်းအရွှေ့အတွက် သုံးနှစ်သက်တမ်းစာချုပ်ဖြင့် အပြီးသတ် သဘောတူညီမှုတစ်ရပ် ရသွားခဲ့ခြင်းဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းသည် လူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ရတ်ရှ်ဖို့ဒ်နှင့် မန်ယူအကြားတွင် စာချုပ်သစ်ဆွေးနွေးမှု စတင်နိုင်ကြောင်း Daily Star က ဖော်ပြထားသည်။
23-May-2018 tagged as Soccer Premier League Everton Rooney DC United
အဲဗာတန်တိုက်စစ်မှူး ရူနီသည် အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့ရန်အတွက် နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်ရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် အပြုသဘောဆောင်သည့် သဘောတူညီချက်များ ရရှိထားပြီဖြစ်၍ များမကြာမီအချိန်အတွင်း ရူနီမှာ ဒီစီယူနိုက်တက်ကစားသမားဖြစ်လာရန် အခြေအနေကောင်းမွန်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
16-May-2018 tagged as Soccer Premier League Everton Sam Allardyce
အဲဗာတန်အသင်းနည်းပြ ဆမ်အလာဒွိုက်စ်သည် အသင်းနှင့်လမ်းခွဲသွားခဲ့ပြီဖြစ်ကာ လက်ရှိတွင် အဲဗာတန်က ဆမ်အလာဒွိုက်စ်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် နည်းပြသစ်တစ်ဦး ရှာဖွေနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အဲဗာတန်အသင်း အဓိရှယ်ယာရှင် အီရန်သန်းကြွယ်သူဌေး ဖာဟစ်ဒ်မိုရှီရီသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနည်းပြ ဆမ်အလာဒွိုက်စ်ကို ရာထူးထုတ်ပယ်ကာ နည်းပြသစ်တစ်ဦး ခန့်အပ်ရန် စီစဉ်နေပြီဖြစ်ပြီး မိုရှီရီ၏နည်းပြသစ်လျာထားစာရင်းတွင် ထိပ်ဆုံးနေရာ၌ရှိနေသူမှာ အာစင်ဝင်းဂါးဖြစ်ကာ ဒုတိယနေရာ၌ ရပ်တည်နေသူမှာ ပေါ်တိုနည်းပြ ကွန်ဆီကာအိုဖြစ်ကြောင်း Daily Mirror က ဖော်ပြထားသည်။
09-May-2018 tagged as Soccer Everton Rooney DC United MLS
အဲဗာတန်တိုက်စစ်မှူး ဝိန်းရူနီသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အဲဗာတန်ကို စွန့်ခွာ၍ အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ထံသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
29-Apr-2018 tagged as Soccer Premier League Everton Rooney
အဲဗာတန်အသင်း အဓိကရှယ်ယာရှင်ဖြစ်သူ အီရန်သန်းကြွယ်သူဌေး ဖာဟက်ဒ်မိုရှီရီသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်မှူး ရူနီကို ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီဖြစ်ပြီး ရူနီကိုခေါ်ယူရန်အတွက် ကမ်းလှမ်းမှုများရှိလာခဲ့မည်ဆိုပါက ၎င်းတို့အနေနှင့် အလေးအနက်ထား၍ လက်ခံစဉ်းစားသွားတော့မည်ဟု အဲဗာတန်အသင်းတာဝန်ရှိသူတစ်ဦးက ဖွင့်ဟပြောကြားသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
05-Feb-2018 tagged as Liverpool Soccer Everton Firmino Holgate FA Cup
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် လီဗာပူးတိုက်စစ်မှူး ဖာမင်ညိုကို လူမျိုးရေးခွဲခြားစော်ကားသည့်ကိစ္စရပ်အတွက် စွဲချက်တင်သင့်၊ မတင်သင့်ကို ယခုသီတင်းပတ်အတွင်း ဆုံးဖြတ်သွားတော့မည်ဖြစ်ပြီး အကယ်၍ စွဲချက်တင်ခံလိုက်ရမည်ဆိုပါက ဖာမင်ညိုမှာ လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ကဲ့သို့ ရှစ်ပွဲပြစ်ဒဏ် ကျခံရရန် နီးစပ်သွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
04-Feb-2018 tagged as Soccer Premier League Arsenal Everton Rihanna
အာဆင်နယ်က အဲဗာတန်ကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို တက်ရောက်အားပေးကြည့်ရှုခဲ့သော အဲဗာတန်အသင်းပရိသတ်အများစုသည် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန်တွင် ကွင်းပြင်သို့ ထွက်ခွာကာ အိမ်ပြန်သွားခဲ့ကြကြောင်း Daily Mail က ဖော်ပြထားသည်။
အဲဗာတန်တိုက်စစ်တောင်ပံကစားသမား သီယိုဝဲလ်ကော့တ်သည် ၎င်းအနေနှင့် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲပါဝင်ကစားပေးရန် ရှိခဲ့ခြင်းကြောင့် ဟယ်ရီပေါ်တာရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်လိုက်ရဖူးကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။