News

POST TAGGED AS

EUROPE NATION LEAGUE

ဝဲလ်ဘက်ခ်၏သွင်းဂိုးကို ခွင့်မပြုခဲ့ခြင်းအတွက် ဒိုင်လူကြီးကို ဟယ်ရီကိန်း ဒေါသပေါက်ကွဲ

လန်ဒန်၊ စက်တင်ဘာ ၉

အင်္ဂလန်လက်ရွေးစင်အသင်း အသင်းခေါင်းဆောင် ဟယ်ရီကိန်းသည် စပိန်က အင်္ဂလန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ဥရောပနိုင်ငံများလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် အင်္ဂလန်တိုက်စစ်မှူး ဝဲလ်ဘက်ခ်၏နောက်ဆုံးမိနစ်ချေပဂိုးကို ခွင့်မပြုခဲ့ခြင်းကြောင့် ယင်းပွဲစဉ်ကို တာဝန်ယူပွဲကြီးကြပ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဒန်နီ မတ်ခ်ကီလိုင်ကို အလွန်အမင်း ဒေါသပေါက်ကွဲသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ဒိုင်လူကြီး မက်ကီလိုင်သည် ဝဲလ်ဘက်ခ်မှာ ဂိုးသွင်းယူရန် ကြိုးပမ်းစဉ်တွင် စပိန်ဂိုးသမား ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်ခဲ့သည်ဟု သတ်မှတ်ကာ ယင်းသွင်းဂိုးကို ပယ်ဖျက်ပစ်လိုက်ခြင်းဖြစ်ပြီး အနှေးပြကွက်များတွင်မူ ဝဲလ်ဘက်ခ်နှင့် ဒီဂီယာတို့မှာ အနည်းငယ်မျှသာ ထိခိုက်မိခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ဘောပေးနိုင်လောက်ဖွယ်ရာ အခြေအနေမျိုး မဟုတ်သည်ကို မြင်တွေ့ခဲ့ကြရသည်။

ဟယ်ရီကိန်းသည် ဒိုင်လူကြီးမှာ နောက်ဆုံးမိနစ်တွင်ရရှိသည့် သွင်းဂိုးကို ဆုံးဖြတ်ရာတွင် ယခုထက်ပို၍ တိကျမှုရှိသင့်ကြောင်း ထောက်ပြသွားခဲ့ပြီး အင်္ဂလန်မှာ အနိမ့်ဆုံးအဖြစ် သရေတစ်မှတ် ရရှိသင့်သော်လည်း ယင်းအခွင့်အရေးကို လက်လွှတ်လိုက်ရခြင်းကြောင့် လွန်စွာ ထိခိုက်နစ်နာသွားခဲ့ရကြောင်းလည်း ၎င်းက မကျေမချမ်း ဆက်လက်ပြောကြားသွားခဲ့သေးသည်။

အင်္ဂလန်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာအဆင့်ပြိုင်ပွဲများ၌ သုံးပွဲဆက်တိုက် အရေးနိမ့်ရသည့်အခြေအနေကို တစ်ကျော့ပြန်လည် ကြုံဆုံလိုက်ရခြင်းဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကလည်း ဝဲလ်ဘက်ခ်မှာ စပိန်ကစားသမားနှစ်ဦးက ဒီဂီယာ ဘောလုံးဖမ်းယူနိုင်စေရန်အတွက် ပိတ်ဆို့ကာရံထားသည့်အခြေအနေကို ဖောက်ထွက်ကျော်ဖြတ်ရာတွင် ဂိုးသမားကို အနည်းငယ်ထိခိုက်မိသွားခဲ့ခြင်းသာဖြစ်ကြောင်း မှတ်ချက်ပေးအပ်ထားသည်။




FOLLOW US