News

POST TAGGED AS

ENGLAND

04-Jul-2018 tagged as Soccer World Cup England Falcao Columbia
ကိုလံဘီယာလက်ရွေးစင်အသင်းတိုက်စစ်မှူး ဖယ်လ်ကာအိုသည် အင်္ဂလန်နှင့် ကိုလံဘီယာတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို တာဝန်ယူ ပွဲကြီးကြပ်ခဲ့သော အမေရိကန်ကွင်းလယ်ဒိုင်လူကြီး မာ့ခ်ဂျိုင်းဂျာမှာ အင်္ဂလန်အသင်း အသာရစေရန်အတွက် တစ်ဖက်သတ်မျက်နှာသာပေး ဘက်လိုက်မှုများရှိခဲ့သည်ဟု စွပ်စွဲသွားခဲ့ကြောင်း ESPN က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ဘရာဇီး၊ ပြင်သစ်နှင့် အင်္ဂလန်တို့အနက်မှ တစ်သင်းမှာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံအဖြစ် အောင်ပွဲခံလိမ့်မည်ဟု ခန့်မှန်းပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer World Cup England Penalty Kicks
အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပင်နယ်တီအဆုံးအဖြတ်ခံယူရာ၌ ပင်နယ်တီလွဲချော်မှုများ ဖြစ်ပွားခဲ့သော်လည်းသာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်းရရှိသော ပင်နယ်တီအားလုံးကိုမူ ဂိုးအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
25-Jun-2018 tagged as Soccer World Cup Tottenham Harry Kane England
အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို ပွဲစဉ်နှစ်ပွဲတည်းဖြင့် လိုက်မီသွားခဲ့ပြီဖြစ်ပြီး မက်ဆီမှာ ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအဆင့်၌ သွင်းဂိုးစုစုပေါင်း ငါးဂိုးတည်းသာ ရယူထားနိုင်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
23-Jun-2018 tagged as Soccer England Scotland Euro 2020
လာမည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်နှင့် စကော့တလန်တို့ ထိပ်တိုက်တွေ့ခဲ့ပါက ယင်းပွဲစဉ်ကို မည်သည့်အသင်းက အိမ်ရှင်အဖြစ် ကစားခွင့်ရမည်ကို ခေါင်းပန်းလှန်ကာ ဆုံးဖြတ်စေမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ကြေညာသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
22-May-2018 tagged as Soccer World Cup Harry Kane England Southgate
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ရန်အတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကို ရွေးချယ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
17-May-2018 tagged as Soccer World Cup England Gareth Southgate
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ၂၃ ဦး လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ်နှင့် အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားတို့ ပါဝင်လာခဲ့ခြင်း မရှိကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးနောက်ခံကစားသမား ဂျိုးဂိုမက်ဇ်သည် ၎င်းရရှိထားသော ခြေမျက်စိဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေပြီဖြစ်၍ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရနိုင်ဖွယ် မရှိတော့ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အသင်းအားပေးသူများကို ယူရိုပါလိဂ်ပွဲကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုကြည့်ရှုရန်အတွက် ရုရှားမြေသို့ သွားရောက်ရာတွင် သတိကြီးစွာထားကြရန် အသိပေးတိုက်တွန်းလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
သြစတြေးလျ၊ ပိုလန်နှင့် ဂျပန်တို့သည် အင်္ဂလန်နိုင်ငံ ၀စ်ရှိုင်းယားဒေသရှိ ဆာလစ်ဘူရီအရပ်၌ဖြစ်ပွားခဲ့သော ရုရှားအေးဂျင့် ဆာဂျီ ဆခရီပယ်လ်နှင့် ၎င်း၏သမီးဖြစ်သူ ယူလီယာတို့ တိုက်ခိုက်ခံရမှုဖြစ်စဉ်၏နောက်ကွယ်တွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမည်ဆိုပါက ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်မကစားတော့ဘဲ သပိတ်မှောက်ရန် စီစဉ်နေကြပြီဖြစ်ပြီး အင်္ဂလန်မှာလည်း ယင်းဖြစ်စဉ်တွင် ရုရှား၏စနက်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်မကစားတော့ဘဲ သပိတ်မှောက်လိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။