News

ဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင် အသင်းအတွက် လုခ်ရှော ပါဝင်ကစားပေးနိုင်လိမ့်မည်ဟု မန်ယူ မျှော်လင့်

မန်ချက်စတာ၊ စက်တင်ဘာ ၁၀

မန်ယူအသင်းသည် လာမည့်စနေနေ့တွင် ၀က်ဖို့ဒ်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအတွက် နောက်ခံလူ လုခ်ရှော ပါဝင်ကစားပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း The Sun က ဖော်ပြထားသည်။

လုခ်ရှောသည် စပိန်က အင်္ဂလန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ဥရောပနိုင်ငံများလိဂ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယပိုင်းပွဲစတင်ပြီး  များမကြာမီ၌ စပိန်နောက်ခံလူ ကာဗာဂျယ်လ်နှင့် ခေါင်းယှဉ်တိုက်၍ ဘောလုံးလုရာ၌ ဦးခေါင်းထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ၎င်းကို ထမ်းစင်ဖြင့် ကွင်းပြင်သို့ သယ်ထုတ်သွားခဲ့ရသည့်အခြေအနေကြောင့် ဒဏ်ရာပြင်းထန်မည်ကို မန်ယူအသင်းတာဝန်ရှိသူများက စိုးရိမ်ပူပန်ခဲ့ကြခြင်းဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းဆေးအဖွဲ့သည် လုခ်ရှောကို စိန့်ဂျော့ခ်ျလေ့ကျင့်ရေးကွင်းရှိ ကျန်းမာရေးစင်တာတွင် တနင်္ဂနွေနေ့တိုင်သည်အထိ စောင့်ရှောက်မှုပေးခဲ့အပြီးတွင် ၎င်း၏မိခင်ကလပ် မန်ယူထံသို့ ပြန်လည်စေလွှတ်ပေးလိုက်ပြီး ရက်အနည်းငယ်ခန့် ထပ်မံအနားယူလိုက်မည်ဆိုပါက ၎င်းအနေနှင့် အလျဉ်းပျော်ကင်းသက်သာကာ မန်ယူအတွက် ပွဲစဉ်များကစားပေးရန် အသင့်အနေအထား ပြန်ဖြစ်လာလိမ့်မည်ဟု လုခ်ရှောကလည်း ထုတ်ဖော်ပြောကြားထားပြီဖြစ်သည်။

အင်္ဂလန်သည် မနက်ဖြန်(အင်္ဂါနေ့)တွင် ဆွစ်ဇာလန်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် လက်ရွေးစင်အသင်းလူစာရင်းမှနုတ်ထွက်သွားခဲ့သော စတလာလင်းနှင့် လုခ်ရှောတို့၏ကွက်လပ်များကို အစားဖြည့်ရန်အတွက် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က လက်စတာကစားသမားများဖြစ်သည့် ဘင်ချီဝဲလ်နှင့် ဂရေးတို့ကို ခေါ်ယူထားပြီဖြစ်သည်။




FOLLOW US