News

POST TAGGED AS

ENGLAND

22-May-2018 tagged as Soccer World Cup Harry Kane England Southgate
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ရန်အတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကို ရွေးချယ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
17-May-2018 tagged as Soccer World Cup England Gareth Southgate
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ၂၃ ဦး လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ်နှင့် အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားတို့ ပါဝင်လာခဲ့ခြင်း မရှိကြောင်း Daily Star က ဖော်ပြထားသည်။
လီဗာပူးနောက်ခံကစားသမား ဂျိုးဂိုမက်ဇ်သည် ၎င်းရရှိထားသော ခြေမျက်စိဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေပြီဖြစ်၍ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရနိုင်ဖွယ် မရှိတော့ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အသင်းအားပေးသူများကို ယူရိုပါလိဂ်ပွဲကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုကြည့်ရှုရန်အတွက် ရုရှားမြေသို့ သွားရောက်ရာတွင် သတိကြီးစွာထားကြရန် အသိပေးတိုက်တွန်းလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
သြစတြေးလျ၊ ပိုလန်နှင့် ဂျပန်တို့သည် အင်္ဂလန်နိုင်ငံ ၀စ်ရှိုင်းယားဒေသရှိ ဆာလစ်ဘူရီအရပ်၌ဖြစ်ပွားခဲ့သော ရုရှားအေးဂျင့် ဆာဂျီ ဆခရီပယ်လ်နှင့် ၎င်း၏သမီးဖြစ်သူ ယူလီယာတို့ တိုက်ခိုက်ခံရမှုဖြစ်စဉ်၏နောက်ကွယ်တွင် ရုရှားအစိုးရ ပါဝင်ပတ်သက်နေမည်ဆိုပါက ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်မကစားတော့ဘဲ သပိတ်မှောက်ရန် စီစဉ်နေကြပြီဖြစ်ပြီး အင်္ဂလန်မှာလည်း ယင်းဖြစ်စဉ်တွင် ရုရှား၏စနက်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်မကစားတော့ဘဲ သပိတ်မှောက်လိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်း၏၀တ်စုံအပြည့်အစုံ၏တန်ကြေးသည် သမိုင်းကြောင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံးဝတ်စုံအဖြစ် မှတ်တမ်းဝင်သွားတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
23-Jan-2018 tagged as Soccer Harry Kane England Pickford
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၂၀၁၇ ခုနှစ် စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး အင်္ဂလန်လက်ရွေးစင် ကစားသမားဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီး တစ်နှစ်တာအကောင်းဆုံး ယူ-၂၁ အင်္ဂလန်လက်ရွေးစင် ကစားသမားဆုကိုမူ အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်က ရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Jan-2018 tagged as Soccer England Beckham
အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် ၎င်း၏ဘက်ခမ်းအမှတ်တံဆိပ် အသုံးပြုခြင်းဆိုင်ရာ မူပိုင်ခွင့်အတွက် လွန်ခဲ့သည့် ၂ နှစ်အတွင်း ၀င်ငွေပမာဏ ပေါင် ၂၉ သန်း ရှာဖွေရရှိခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ၎င်းအနေနှင့် ဂိုးသမား ဂျိုးဟတ်၏ပွဲထွက်ခွင့်ကို အာမခံချက်ပေးနိုင်တော့မည် မဟုတ်ကြောင်း အတိအလင်း အသိပေးလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရလည်း ဂျိုးဟတ်မှာ လာမည့် ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန်အတွက် လက်ရွေးစင်အသင်းလူစာရင်းတွင် ထည့်သွင်းရွေးချယ်ခံခဲ့ရသည့်တိုင် အရန်အဖြစ်သာ ဖြတ်သန်းရမည့်အခြေအနေများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Nov-2017 tagged as Soccer England
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် အင်္ဂလန်နှင့် ဂျာမနီတို့ ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲတွင် ဗီဒီယိုနည်းပညာ လက်ထောက်ဒိုင်လူကြီး ထားရှိသည့်စနစ်(VAR စနစ်)ကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအတွက် အဆိုပါပွဲစဉ်မှာ အင်္ဂလန်နိုင်ငံတွင် ယှဉ်ပြိုင်ကစားသည့် ဘောလုံးပွဲစဉ်များအနက် VAR စနစ်ကို ပထမဆုံးအသုံးပြုသည့်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။