News

POST TAGGED AS

EMRE CAN

အီတလီစီးရီးအေကလပ် ဂျုဗင်တပ်အသင်းသည် လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်ကို ငါးနှစ်သက်တမ်းရှိ အကြိုသဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကာ ယင်းအတွက် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အမ်မရီကန်က လီဗာပူးကိုစွန့်ခွာ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်သည် ၎င်းကိုခေါ်ယူရန် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်တို့က ကမ်းလှမ်းဆက်သွယ်ခဲ့သည်ကို ငြင်းဆန်ပယ်ချ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူလိုက်ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ဂျူဗင်တပ်အသင်းသည် လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်ကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ပြီး ယင်းအတွက် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အမ်မရီကန်မှာ လီဗာပူးကိုစွန့်ခွာ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။