News

POST TAGGED AS

EL CLASICO

ဘာစီလိုနာကွင်းလယ်ကစားသမား ရာဖင်ညာသည် လာမည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားမည့် အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်၌ ပါဝင်ကစားနိုင်ရန် ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ပြီး ၎င်းအတွက် ဒဏ်ရာပြသနာကြောင့် အနားယူခဲ့ရသည့်အချိန်ကာလများမှာ လွန်စွာ စိတ်ပျက်ဖွယ် ကောင်းလွန်းလှသည်ဟု ရာဖင်ညာက ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကြရမည့် စပိန်လာလီဂါ အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်သည် ကတ်တလန်ရွေးကောက်ပွဲနှင့် လွန်စွာ ရက်နီးကပ်နေသည့်အတွက် ယင်းရွေးကောက်ပွဲဖြစ်စဉ်များက ပွဲစဉ်အပေါ် သက်ရောက်ရိုက်ခတ်မှုများ ရှိလာမည်ကို ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ နှစ်သင်းလုံးက စိုးရိမ်ပူပန်နေကြောင်း Daily Mail က ဖော်ပြထားသည်။