News

လီဗာပူးဂိုးသမား ကာရီးရပ်စ်ကို ဘက်ဆစ်တပ် ၂ နှစ် အငှားခေါ်ယူ

အစ္စတန်ဘူလ်၊ သြဂုတ် ၂၉

တူရကီကလပ် ဘက်ဆစ်တပ်အသင်းသည် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရနိုင်ရန် မလွယ်ကူတော့သည့် မိန့်ဇ်ဂိုးသမားဟောင်း ကာရီးရပ်စ်ကို အပြီးသတ်ဝယ်ယူခွင့်ပါရှိသော ၂ နှစ်သက်တမ်း အငှားစာချုပ်ဖြင့် လက်မှတ်ရေးထိုး ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ကာရီးရပ်စ်သည် ယမန်နှစ်ဘောလုံးရာသီ၌ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အမှားများကျူးလွန်ခဲ့သည့်အတွက် သတင်းမီဒီယာများ၏ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းများကို ရင်ဆိုင်ခဲ့ရကာ ရာသီကြိုကာလခြေစမ်းပွဲများတွင်လည်း ၎င်း၏အမှားများမှာ ရပ်တန့်သွားခဲ့ခြင်း မရှိသောကြောင့် နည်းပြ ဂျာဂင်ကလော့ပ်က အယ်လ်လီဆန်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုခေါ်ယူ၍ ၎င်းကို အရန်နေရာ၌ ထားရှိပစ်လိုက်ခြင်းဖြစ်သည်။

ဂျာဂင်ကလော့ပ်သည် ၂၀၁၆ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်ထံမှနေ၍ လီဗာပူးထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး လီဗာပူးထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ၎င်းက ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၄၉ ပွဲ ပွဲထွက်ခွင့်ရရှိခဲ့သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က လက်ရှိအချိန်တွင် ကာရီးရပ်စ်ကို ဖိအားများနှင့် အဝေးဆုံးနေရာတွင် ထားရှိခြင်းက အကောင်းဆုံးဖြစ်နိုင်သည်ဟု ယူဆကာ ဘက်ဆစ်တပ်ဘက်က အမှားခေါ်ယူရန် ကမ်းလှမ်းဆက်သွယ်လာသည်ကို လက်ခံပေးလိုက်ခြင်းဖြစ်သည်ဟု ရှင်းပြသွားခဲ့သည်။




FOLLOW US