News

22-Aug-2018

Liverpool Soccer Premier League Salah
စီရော်နယ်ဒိုနေရာကို အစားထိုးရန်အတွက် ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်းမှုကို ဆာလားဟ် ငြင်းဆန်ခဲ့

မက်ဒရစ်၊ သြဂုတ် ၂၂

ရီးရဲလ်မက်ဒရစ်အသင်းသည် စီရော်နယ်ဒိုကို ဂျူဗင်တပ်ထံသို့ ရောင်းထုတ်လိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကာယကံရှင် ကစားသမားဖြစ်သူက ကမ်းလှမ်းမှုအ၀၀ကို ငြင်းဆန်ပယ်ချလိုက်သည့်အတွက် အပြောင်းအရွှေ့ အထမမြောက်နိုင်ဖြစ်ခဲ့ရကြောင်း Marca က ဖော်ပြထားသည်။

ဆာလားဟ်သည် ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီးသည့်နောက်တွင် လီဗာပူးနှင့် စာချုပ်သစ်တစ်ရပ် ချက်ချင်းပင် လက်မှတ်ရေးထိုးလိုက်ကာ ရီးရဲလ်မက်ဒရစ်မှာ ဆာလားဟ်ကို ခေါ်ယူနိုင်ရန် အဆင်မပြေဖြစ်ခဲ့ရအပြီးတွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဘက်သို့ ဦးလှည့်ခဲ့သေးသည်။

ရီးရဲလ်မက်ဒရစ်သည် ဆာလားဟ်နှင့် ဟယ်ရီကိန်းတို့ကို ခေါ်ယူနိုင်ရန်အတွက် အေးဂျင့်များကတစ်ဆင့် ချဉ်းကပ်လိုက်ခြင်းဖြစ်ပြီး ဟယ်ရိကိန်းကိုခေါ်ယူရေးတွင် ၎င်းတို့၏ကမ်းလှမ်းမှုကို စပါးအသင်းတာဝန်ရှိသူများက လက်မခံဘဲ ငြင်းဆန်ပယ်ချလိုက်ခြင်းကြောင့် ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေဖြစ်သွားခဲ့ရခြင်းဖြစ်သည်။




FOLLOW US