News

POST TAGGED AS

ED WOODWARD

မန်ယူအသင်းအားပေးသူများသည် စက်တင်ဘာလ ၂ ရက်နေ့တွင် မန်ယူနှင့် ဘန်လေတို့ ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် မစတင်မီတွင် အသင်းဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်ကို ရာထူးကထုတ်ပယ်ပေးရန် လေယာဉ်ပျံတွင် စာတန်းချိတ်ဆွဲပျံသန်းစေ၍ တောင်းဆိုသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်သည် ဘရိုက်တန်က မန်ယူကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ကို တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် အသင်း၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို လွန်စွာ ဒေါသပေါက်ကွဲသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြဟောင်း ဗန်ဟားလ်သည် ၎င်းအနေနှင့် မန်ယူအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်နှင့်တွေ့ဆုံကာ မန်ယူကို မန်စီးတီးအသင်း ယခုကစားနေသော ကစားဟန်ဖြင့် ကစားနိုင်စေရန်အတွက် အသင်းတည်ပေးမည်ဟု ကမ်းလှမ်းပြောကြားခဲ့သော်လည်း အက်ဒ်ဝုဒ်ဝါးဒ်ဘက်က လက်မခံခဲ့သည့်အတွက် အဆုံးသတ်တွင် ရာထူးထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။