News

POST TAGGED AS

DORTMUND

ဘရုဂေးနှင့် ဒေါ့မွန်တို့သည် ဥရောပအဆင့်ပြိုင်ပွဲများတွင် လေးကြိမ်တွေ့ဆုံဖူးပြီး တစ်သင်းလျှင် နှစ်ကြိမ်စီ အနိုင်ရထားကြသည်။ နှစ်သင်းလုံးသည် သက်ဆိုင်ရာအိမ်ကွင်းများတွင် ကစားရသောပွဲစဉ်များကို အနိုင်ရယူနိုင်ခဲ့ကြခြင်းဖြစ်သည်။
23-Jul-2018 tagged as Liverpool Soccer Dortmund ICC Cup
လီဗာပူးအသင်းသည် အပြည်ပြည်ဆိုင်ရာချန်ပီယံဖလား အဖွင့်ပွဲစဉ်အဖြစ် ဒေါ့မွန်နှင့်ယှဉ်ပြိုင်ရာတွင် သုံးဂိုး တစ်ဂိုးဖြင့် အရေးနိမ့်သွားခဲ့ပြီး ဒေါ့မွန်မှာ ယခုပွဲစဉ်ကို ထပ်မံအနိုင်ရလိုက်သည့်အတွက် နှစ်ပွဲဆက် အနိုင်ရလဒ်နှင့်အတူ ချန်ပီယံဖြစ်ရန် လွန်စွာ အခြေအနေကောင်းမွန်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဒေါ့မွန်ကွင်းလယ်ကစားသမား ပါပါစတာသိုပူးလော့စ်၏ဖခင်ဖြစ်သူသည် ၎င်း၏သားမှာ အာဆင်နယ်ကလွဲ၍ အခြားသောအသင်းများထံသို့ ပြောင်းရွှေ့လိမ့်မည်မဟုတ်ကြောင်း၊ ဒေါ့မွန်နှင့် မန်ယူအကြားတွင် ပါပါစတာသိုပူးလော့စ်အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော်လည်း ပါပါစတာသိုပူးလော့စ်က သဘောတူလက်ခံလိမ့်မည်မဟုတ်၍ အပြောင်းအရွှေ့ဖြစ်မြောက်ရန်မှာ ခက်ခဲနိုင်ကြောင်း ပြောကြားသွားခဲ့သည်ဟု The Bild က ဖော်ပြထားသည်။
26-May-2018 tagged as Soccer Chelsea Batshuayi Dortmund Pulisic
ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးနှင့် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်တို့သည် ဘတ်ရွှာယီနှင့် ပူလီဆစ်တို့ အပြန်အလှန် ပြောင်းရွှေ့ရေးအတွက် တရားဝင်ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဒေါ့မွန်ကွင်းလယ်ကစားသမား ပူလီဆစ်ကို ခေါ်ယူနိုင်ရေးအတွက် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ငွေသားနှင့်အတူ အလိုက်ပေးလိုက်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကို ၎င်းတို့၏တိုက်စစ်မှူး ဘတ်ရွှာယီအား အပြီးသတ်ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ ပေးရန် တောင်းဆိုလိုက်ပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် ဘတ်ရွှာယီအပြောင်းအရွှေ့အတွက် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်၌ ဆွေးနွေးမှုများရှိလာနိုင်ကြောင်း Daily Star က ဖော်ပြထားသည်။
11-Apr-2018 tagged as Soccer PSG Ligue Dortmund Tuchel
ဒေါ့မွန်နည်းပြဟောင်း သောမတ်တူချယ်လ်သည် ပီအက်စ်ဂျီအသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး ပီအက်စ်ဂျီမတိုင်မီတွင် အာဆင်နယ်က တူချယ်လ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အာဆင်နယ်၏ကမ်းလှမ်းမှုကို တူချယ်လ်က လက်မခံခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
ဒေါ့မွန်အသင်းသည် ချယ်လ်ဆီးအသင်းထံမှနေ၍ အငှားခေါ်ယူထားသော တိုက်စစ်မှူး ဘတ်ရွှာယီကို အပြီးသတ်ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်း အသုံးပြုရန် စီစဉ်ထားပြီး လက်ရှိတွင်မူ ဘတ်ရွှာယီအတွက် ဒေါ့မွန်ဘက်က ဆက်သွယ်ကမ်းလှမ်းမှုများအားလုံးကို ချယ်လ်ဆီးက ငြင်းဆန်ထားဆဲဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ဒေါ့မွန်ကွင်းလယ်ကစားသမား ပူလီဆစ်ကိုခေါ်ယူနိုင်ရန် စီစဉ်နေပြီဖြစ်ပြီး ပူလီဆစ်ကို ရရှိနိုင်ရေးအတွက် ဘတ်ရွှာယီကို အလိုက်ပေးကမ်းလှမ်းရန်အထိ ချယ်လ်ဆီးက စီစဉ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် ချယ်လ်ဆီးထံမှနေ၍ အငှားခေါ်ယူထားသော တိုက်စစ်မှူး ဘတ်ရွှာယီကို အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ရန် စီစဉ်နေပြီဖြစ်ပြီး ဘတ်ရွှာယီကို ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက အပြီးသတ်ရောင်းချရန် အစီအစဉ်မရှိဟု ငြင်းဆန်ပယ်ချနေသော်လည်း ၎င်းတို့ဘက်က လက်မလျှော့တမ်း ဆက်လက်ကြိုးပမ်းသွားမည်သာဖြစ်ကြောင်း ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။