News

POST TAGGED AS

DONNARUMMA

ချယ်လ်ဆီးအသင်းသည် ဂိုးသမားကော်တွာ၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းအဆင့် ဂိုးသမားတစ်ဦးခေါ်ယူရန် စီစဉ်နေပြီဖြစ်ပြီး အက်သလက်တီကိုဂိုးသမား အော့ဘ်လတ်ခ်၊ အေစီမီလန်ဂိုးသမားများဖြစ်သည့် ဒွန်နာရမ်းမားနှင့် ရေနာ၊ စတုတ်စီးတီး ဘတ်လန်းတို့မှာ ချယ်လ်ဆီးနည်းပြ ဆာရီ၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေကြောင်း The Mirror က ဖော်ပြထားသည်။
အေစီမီလန်အသင်းတာဝန်ရှိသူများသည် အသင်းပွဲထွက်ဂိုးသမား ဒွန်နာရမ်းမားကို ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာနှင့် အလဲအထပ်လုပ်လိုက်ရန် ကြံစည်နေပြီဖြစ်ပြီး ဒွန်နာရမ်းမား၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့် အေစီမီလန်ဒါရိုက်တာဘုတ်အဖွဲ့အကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေသည့်အချက်ကလည်း အေစီမီလန်ကို ဒွန်နာရမ်းမား စွန့်ခွာဖြစ်စေရန်အတွက် တွန်းအားတစ်ရပ်ဖြစ်လျက်ရှိကြောင်း Football Italia က ဖော်ပြထားသည်။
13-Mar-2018 tagged as Soccer Serie A AC Milan Donnarumma
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဂိုးသမား ကော်တွာကို လက်လွှတ်ရသည့်အခြေအနေဖြစ်ပေါ်လာခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမားကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏ပွဲထွက်ဂိုးသမား ကော်တွာကို ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ခွင့်ပေးလိုက်ရပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမားကိုခေါ်ယူရန် ချိတ်ဆက်မှုများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
14-Dec-2017 tagged as Soccer Serie A AC Milan Donnarumma Bonucci
အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမားသည် အေစီမီလန်က ဟဲလပ်စ်ဗီရိုနာကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ကိုပါအီတာလီယာဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင် အသင်းအားပေးသူ ပရိသတ်များက ၎င်းကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိုးနှက်တိုက်ခိုက်စော်ကားခဲ့သည့်အတွက် လွန်စွာ စိတ်ထိခိုက်လျက်ရှိပြီး လက်ရှိအခြေအနေများအရ ဒွန်နာရမ်းမားမှာ လာမည့်ဇန်နဝါရီလအတွင်း၌ပင် အသင်းပြောင်းရန် ကြိုးပမ်းလာဖွယ်ရှိနေပြီဖြစ်ကြောင်း Corrie Della Sport က ဖော်ပြထားသည်။