News

POST TAGGED AS

DISASTER

မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် ရထားလမ်း ပျက်စီးနေသည့်အတွက် မော်လမြိုင်- ရန်ကုန် ရထားကို လိုက်ပါစီးနင်းမည့် ခရီးသည် ၃၅၀ ခန့် မော်လမြိုင် ဘူတာကြီးတွင် သောင်တင်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်းအစိုးရနှင့်တွေ့ဆုံရန် လာရောက်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇူလိုင် ၂၈ ရက်နေ့က ပဲခူးမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့များတွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှစတင်ပြီး စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့သည့်အတွက် လူနေအိမ်ခြေ ၂၀၀ ကျော် ရေဝင်ပြီး နစ်မြုပ်နေကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။
မကွေးတိုင်း ချောက်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ လေဘေးသင့်ပြည်များကို ထောက်ပံ့ကြေးနှင့် ပစ္စည်းများ ပေးအပ်ရာတွင် အမှန်တကယ် ထိခိုက်ပျက်စီးသည့် အိမ်ထောင်စုအချို့ မရရှိကြောင်း မရရှိသည့် ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဥရုချောင်းရေတက်သဖြင့် ဖားကန့်မြို့နယ်ရှိ ရပ်ကွက်လေးခုနှင့် လုံးခင်းနှင့် ကံဆီးမှော်ဒေသတွင် ဇူလိုင်လ ၂ ရက်က ရေကြီးရေလျံမှု ဖြစ်နေပြီး မိုးကောင်းနှင့် ကားမိုင်းသို့ သွားသောလမ်းများတွင် ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခင် ၁၉၈၈ ခုနှစ်လောက်ထိ ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ လူသေဆုံးတယ်ဆိုတာ ရှားမှရှားပဲ။ သဘာဝသစ်တောကြီးတွေက ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတော့ တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမှုရေးချမမှုပါ။ လူသေဆုံးမှု မိုးကြိုးစက်ကွင်းနဲ့မလွတ်လို့ သေဆုံးတယ်ဆိုတာ မကြားသလောက်ပါပဲ။ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း အထိ သဘာဝသစ်တောတွေ ကျန်ရစ်ခဲ့တဲ့နည်းတူ သဘာဝဘေးဆိုး၊ ရေကြီး၊ ရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ တစ်နိုင်ငံလုံးကြုံတွေ့လာရတယ်။
24-Jun-2018 tagged as ရေကြီး Disaster
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့တို့တွင် ဇွန်လ ၆ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုများနှင့် ခရီးသွားများ ဘေးအန္တရာယ်ကင်းရှင်းရေးအပါအဝင် ရေဘေးတွေ့ကြုံနေရသူများအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရမှုများကို ဖော်ပြအပ်ပါသည်။
19-Jun-2018 tagged as ရေကြီး Disaster
ရေကြီးသည့်ကာလ ရှည်ကြာပါက ပြန်လည်ထူထောင်ရေးကာလသည်လည်း ရှည်ကြာတတ်သဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ အချိန်အတော်ကြာအောင် ပြန်လည် လုပ်ကိုင်ကြရခြင်း မရှိသည့်အတွက် နောင်ရေးတွေးကာ စိတ်ပူပန်မှုများဖြစ်ကြရခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရသဖြင့် သားသမီးများ၏ ပညာရေးအတွက် တွေးတောပူပန်ခြင်းများ ဖြစ်ပေါ်လာမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။
မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် ဇွန်လ ၁၇ ရက် ရေကြီးမှုကြောင့် အိမ်ခြေ ၃၅၀၀ ကျော် ရေဝင်နစ်မြုပ်၍ ကိုယ်ဝန်ဆောင်သည်တစ်ဦး သေဆုံးကာ လူ ၇၄၀၀ ကျော် ရေဘေးတိမ်းရှောင်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၂၄ ခု ဖွင့်လှစ်ခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။