News

24-Jun-2018

ရေကြီး Disaster
ပခုက္ကူနှင့် နမ့်လန် ရေကြီးရေလျှံမှုများ (Daily, Vol-6/No-51)
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့တို့တွင် ဇွန်လ ၆ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုများနှင့် ခရီးသွားများ ဘေးအန္တရာယ်ကင်းရှင်းရေးအပါအဝင် ရေဘေးတွေ့ကြုံနေရသူများအပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရမှုများကို ဖော်ပြအပ်ပါသည်။

ချင်းပြည်နယ်နှင့် ကလေးမြို့သို့ သွားရောက်ရာ ပခုက္ကူ - ပေါက်ကားလမ်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၈ နာရီကျော်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ဂါလန်သန်း ၂၀၀ ခန့်ဆံ့သော ကန်တော်ရေလှောင်တမံ ကျိုးပေါက်ခဲ့ရာ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ခဲ့ရသည်။
ပခုက္ကူမြို့နှင့် (၁၇) မိုင်ခန့်ဝေးသော ကန်တော်ကန်တွင် ဇွန်လ ၆ ရက် နံနက်ပိုင်း ရေပိုလွှဲမှရေကျော်မှု စတင်ဖြစ်ပွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ လမ်းမတစ်လျှောက် ရေကြီးရေလျှံနေစဉ်။

နမ့်လန်မြို့လယ်ရပ်ကွက်အတွင်းရှိ ရေမြုပ်နေသည့်နေအိမ်မှ နေထိုင်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ လမ်းမတစ်လျှောက်တွင် ရေများ ပြန်လည်ကျဆင်းပြီးနောက် တင်ရှိခဲ့သော ရွှံ့နွံများကို မြို့ခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းကြစဉ်။



FOLLOW US