News

ရှမ်းအရှေ့ အထက်တန်းပြ ရာထူးတိုးဖြေဆိုသူ လေးပုံတစ်ပုံအောင်
ကျိုင်းတုံ၊ ဇွန် ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အပါအဝင် ပြည်နယ်ရှိ မြို့နယ်များတွင် အထက်တန်းပြ ရာထူးတိုးဖြေဆိုသူ ဆရာ၊ ဆရာမများကို ဇွန်လ ၅ ရက်က အောင်စာရင်းထုတ်ပြန်ခဲ့ရာ ဖြေဆိုသူများအနက် လေးပုံတစ်ပုံခန့်သာ အောင်မြင်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (ပညာ) ဦးတင့်ဆွေက ပြောကြားသည်။ 

“သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံပြီး အောင်မြင်ကြတဲ့ မူအုပ်နဲ့အလယ်တန်းပြတွေဟာ B. Ed သင်တန်း တက်ရောက်ပြီး ဘွဲ့ရရင် အထက်တန်းပြဖြစ်ပါပြီ။ ဘာသာရပ်လိုအပ်ချက်အရ ရွေးချယ်တာမို့ ဖြေဆိုသူတိုင်းကို ရွေးချယ်တာမဟုတ်ပါဘူး”ဟု ၎င်းက ရှင်းပြသည်။

တိုင်းရင်းသား မျိုးနွယ်စုပေါင်းများစွာ ပညာသင်ကြားနေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် ၁၀ ခုတွင် အထက်တန်းပြ ဆရာ၊ ဆရာမ လိုအပ်ချက် ၁၀၀ ကျော်ရှိရာ မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ စသည့်ဘာသာရပ်ကိုးမျိုးတွင် အထက်တန်းပြ ရာထူးတိုးဖြေဆိုသည့် မူလတန်းကျောင်းအုပ်နှင့်အလယ်တန်းပြ ဆရာ၊ ဆရာမ ၂၆၄ ဦးရှိရာ ၅၁ ဦး အောင်မြင်ကြောင်းသိရသည်။  

R-16



FOLLOW US