News

သပိတ်​ကျင်းတွင်​ ငလျင်​ငယ်များ ဆက်တိုက်လှုပ်
သပိတ်​ကျင်း၊ ဒီဇင်​ဘာ ၁

မန္တ​လေးတိုင်းဒေသကြီး သပိတ်​ကျင်းမြို့၏ အ​နောက်​ဘက်​ ၄ မိုင်​ခန့်​အကွာတွင် ယနေ့ (ဒီဇင်​ဘာလ ၁ ရက်​​) ည ၆ နာရီ ၂၈ မိနစ် အချိန်​နှင့်​ ၃၀ မိနစ်အချိန်​များတွင်​ ၂.၄ ရစ်(ခ်)တာစကေးရှိ ငလျင်​ လှုပ်​ခတ်ခဲ့ပြီး ည ၇နာရီ ၁၅ မိနစ်၊ ၇ နာရီ ၃၂ မိနစ်​ နှင့် ၈နာရီ ၁၅ မိနစိအချိန်​များတွင်​ မြို့၏ အ​ရှေ့​တောင်​ဘက်​ ၁၅ မိုင်​ခန့်​အကွာ ဗဟိုပြု၍ ၃.၇ အဆင့်​ရှိ ငလျင်​များ လှုပ်​ခတ်ခဲ့​ကြောင်း ယင်းမြို့နယ်​ မိုး​လေဝသနှင့်​ ဇလ​ဗေဒညွန်ကြားမှုဦးစီးဌာန တာဝန်​ခံ ဦးတင်​​မောင်​မြင့် ပြောသည်​။

မြေငလျင်​ (၅) ကြိမ်​တိုင်​တိုင် ​လှုပ်​ခဲ့​သော်​လည်း မြို့နယ်​အတွင်းရှိ တိုက်​တာ၊ အိုးအိမ်​၊ အ​ဆောက်​အဦ၊ လူနှင့်​တိရိစ္ဆာန်​များ ပျက်​စီးထိခိုက်​စာရင်း မရှိကြောင်း သပိတ်​ကျင်းမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးအောင်မိုးဦးက ​ပြောကြားသည်​။

R-05



FOLLOW US