News

ခန္တီးတွင် ချင်းတွင်းမြစ်ရေ ဝင်ရောက်၍ စပါးစိုက်ဧက ၇၀၀ ကျော် ရေဝင်နစ်မြုပ်

ကလေး၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အနီး ချင်းတွင်းမြစ်ရေ စိုးရိမ်းရေမှတ် ကျော်လွန်ရောက်ရှိကာ စပါးစိုက်လယ်ဧက ၇၀၀ ကျော် ရေဝင်နစ်မြုပ်ကြောင်း ခန္တီးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိသည့် သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ သြဂုတ်လ ၁၆ ရက်နေ့ နံနက်အထိ စာရင်းများရ ခန္တီးမြို့နယ်အတွင်းရှိ မိုးစပါး စိုက်လယ်ဧက ၇၃၇ ဧကနှင့် မိုးစပါးစိုက်ပျိုးရန် ပျိုးထောင်ထားသည့် ပျိုးခင်းဧက ၄၇ ဧကတို့အတွင်း မြစ်ရေဝင်နစ်မြုပ်ခဲ့ကြောင်း ခန္တီးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရေမြုပ်တာ တစ်ရွာလုံးပဲ။ စပါးတွေက စိုက်ခါစဆိုတော့ တစ်ပတ်လောက်သာ ကြာရင်တော့ စပါးပင်တွေက ပုပ်ကုန်တော့မှာ။ ရေပြန်ကျသွားလို့ ပျက်စီးကုန်ရင်တော့ မျိုးစပါး ရှိတဲ့သူတွေလည်း ပြန်စိုက်ကြတာပေါ့။ မရှိတဲ့သူတွေကျတော့ ဒီအတိုင်းပဲ ထားလိုက်တာ”ဟု ခန္တီးမြို့ မိုင်းနောင်ကျေးရွာမှ ဒေါ်မြင့်ရီက ပြောဆိုသည်။

R-20



FOLLOW US