News

22-Jul-2017

ရေကြီး
ရေကာတာ ကျိုးပေါက်၍ အိမ်ထောင်စု ၇၀ခန့် အရေးပေါ်ပြောင်းရွှေ့
သာယာဝတီ၊ ဇူလိုင်၂၂

သာယာဝတီမြို့နယ် အနောက်ဘက် အိပ့်လဟာကျေးရွာတွင် ဇူလိုင်လ ၂၁ ရက် ည ၁ နာရီအချိန်က လှိုင်မြစ်ကို ကာရံထားသည့် ရေကာတာ ကျိုးပေါက်၍ နေအိမ်သုံးလုံး ရေထဲမြောပါသွားပြီး အိမ်ထောင်စု ၆၇ စုမှ လူဦးရေ ၂၂၀ ဦး ရေဘေးရှောင်နေရကြောင်း အိပ်လဟာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစေးလယ်ဘွယ့်က ပြောကြားသည်။

“အခုချိန်ထိ ရေကတအားတိုးနေတော့ ကျန်တဲ့အိမ်တွေကို ပြောင်းရွေ့ပေးထားပါတယ်။ လောလောဆယ်တော့ ကျေးရွာစာသင်ကျောင်းမှာ နေရာချပေးထားပါတယ်။ ရေစီးက တအားသန်နေတော့ ပြောင်းရွေ့တာ အခက်အခဲ ဖြစ်တာပေါ့။ ဒါကြောင့် တာဘောင်ပေါ်မှာ တဲလေးတွေထိုးပြီး ယာယီနေရာချထားပေးပြီး နောက်ကျမှ ပြောင်းရွေ့ပေးရမှာပါ” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အိပ်လဟာကျေးရွာတွင် အိမ်ခြေ ၄၀၀ ရှိပြီး ညတစ်နာရီအချိန်မှ ရေကာတာ၏ ထူးပေါက်မှ ရေဝင်ပြီး ကျိုးသွားသဖြင့် မသိလိုက်ကြောင်း၊ ရေများဝင်လာမှ အရေးပေါ်ပြောင်းရွေ့ပြီး တာဘောင်ပေါ်သို့ ပြောင်းရွေ့ထားသည့် အိမ်ထောင်စု ၆၇ စု ရှိပြီး နောက်ထပ်ပြောင်းရွေ့ရမည့် အိမ်ထောင်စုများ ရှိနေသေးကြောင်း အိပ်လဟာကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ရေကာတာ ကျိုးပေါက်မူကြောင့် အိပ်လဟာကျေးရွာသို့ သယာဝတီမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချူပ်ရေးမှူးနှင့်အဖွဲ့များ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အခြားလူမူရေးအဖွဲ့များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

R- 19
ဓာတ်ပုံ - မင်းမင်းအောင်



FOLLOW US