News

01-Aug-2018

Soccer Premier League Barcelona Everton Digne
ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နေးကို အဲဗာတန် ခေါ်ယူအားဖြည့်

လီဗာပူး၊ သြဂုတ် ၁

အဲဗာတန်နည်းပြသစ် မာကိုဆေးလ်ဗားသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ဘာစီလိုနာဘယ်နောက်ခံလူ ဒစ်ဂ်နေးကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၈ သန်း အသုံးပြု၍ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဒစ်ဂ်နေးသည် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် ငါးနှစ်သက်တမ်းစာချုပ်တစ်ရပ်ကို အဲဗာတန်နှင့် လက်မှတ်ရေးထိုးလိုက်ပြီး ပီအက်စ်ဂျီနှင့် ဘာစီလိုနာတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလများအတွင်း ဒစ်ဂ်နေးမှာ သက်ဆိုင်ရာအသင်းများနှင့်အတူ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲများတွင် ချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ခဲ့သည်။

ဒစ်ဂ်နေးသည် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးလိုက်ရအပြီးတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသော ဘာစီလိုနာကစားသမားဘ၀ကို စွန့်လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်မှာ ၎င်းအတွက် လွန်စွာ စိတ်လှုပ်ရှားဖွယ်ကောင်းနေကြောင်းလည်း ဒစ်ဂ်နေးက ထုတ်ဖော်အသိပေးသွားခဲ့သည်။

အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားသည် အသင်းခံစစ်ကို ဆက်လက်အားဖြည့်ရန်အတွက် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းထံတွင် ၎င်းနှင့်အတူ လက်တွဲအလုပ်လုပ်ခဲ့သော မန်ယူနောက်ခံလူ ရိုဂျိုကိုလည်း ခေါ်ယူလိုလျက်ရှိပြီး မန်ယူက ရိုဂျို၏တန်ကြေးကို ပေါင်သန်း ၃၀ သတ်မှတ်တောင်းဆိုလျက်ရှိသည်။




FOLLOW US