News

POST TAGGED AS

DIEGO SIMONE

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီသည် အက်သလက်တီကိုက မာဆေးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် အသင်းအဓိကတိုက်စစ်မှူး ဂရစ်ဇ်မန်းမှာ လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် အက်သလက်တီကိုကိုစွန့်ခွာ၍ အသင်းပြောင်းရန် သေချာနေပြီဟု အရိပ်အမြွက် အသိပေးသွားခဲ့ကြောင်း AS က ဖော်ပြထားသည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်နီကို ပွဲကြီးကြပ်ခွင့် လေးပွဲပိတ်ပင်သည့်ပြစ်ဒဏ်တစ်ရပ် ချမှတ်လိုက်ပြီဖြစ်ပြီး ယင်းအတွက် မာဆေးအသင်းနှင့်ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အက်သလက်တီကိုကို ဆီမြွန်နီက ကွင်းနံဘေးမှနေ၍ ညွှန်ကြားချက်များ ပေးအပ်နိုင်တော့မည် မဟုတ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီသည် ၎င်းအနေနှင့် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို အသင်းထံတွင် ကာလရှည်ကြာ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူတော့ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီဖြစ်ပြီး အသင်းပရိသတ်များ၏ပြုမူဆက်ဆံပုံကြောင့် ဂရစ်ဇ်မန်းမှာ များမကြာမီကာလအတွင်း အသင်းကိုစွန့်ခွာရန် ဆုံးဖြတ်ချက်ချလိုက်နိုင်သည်ဟု ဆီမြွန်နီက ပြောကြားသွားခဲ့ကြောင်း AS က ဖော်ပြထားသည်။