News

POST TAGGED AS

DIDIER DESCHAMPS

12-Jul-2018

Soccer World Cup England Croatia
အင်္ဂလန်၏ဗိုလ်လုပွဲတက်ခွင့်ကို ဒိုင်လူကြီး ဓားပြတိုက်သွားသည်ဟု ပရိသတ်များ စွပ်စွဲ

လန်ဒန်၊ ဇူလိုင် ၁၂

အင်္ဂလန်နိုင်ငံသား ဘောလုံးပရိသတ်များသည် အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း၏ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်ခွင့် မျှော်လင့်ချက်ကို တူရကီဒိုင်လူကြီး ကူညက်ကာကီရာက ဓားပြတိုက်သွားခဲ့သည်ဟု စွပ်စွဲပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ခရိုအေးရှားက အင်္ဂလန်ကို အချိန်ပိုသွင်းဂိုးနှင့်အတူ အနိုင်ယူကျော်ဖြတ်သွားခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို တာဝန်ယူ ပွဲကြီးကြပ်ခဲ့သည့် ဒိုင်လူကြီး ကာကီရာသည် ပွဲကစားချိန်အတွင်း ခရိုအေးရှားအသင်း အသာရစေမည့် အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များစွာကို ချမှတ်ခဲ့သည်ဟု အင်္ဂလန်ပရိသတ်များက စွပ်စွဲထားပြီး နှစ်ဖက်အသင်းသားများ အချေအတင်ဖြစ်ချိန်များတွင်လည်း ကာကီရာမှာ ပွဲထိန်းနိုင်စွမ်း မရှိခဲ့ဟု အင်္ဂလန်ပရိသတ်များက မှတ်ချက်ပေးသွားခဲ့သည်။

အင်္ဂလန်ပရိသတ်အချို့သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှာ အင်္ဂလန်ကို ဗိုလ်လုပွဲအဆင့်သို့ မတက်ရောက်စေလိုခြင်းကြောင့် အင်္ဂလန်ကို မုန်းတီးသည့် ဒိုင်လူကြီးတစ်ဦးကို ပွဲကြီးကြပ်ရန် ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြစ်တင်လိုက်ပြီး ခရိုအေးရှားဘောလုံးသမားများ အချိန်ဖြုန်းသည့်လုပ်ရပ်များကို ကာကီရာက မည်သည့်အတွက် အရေးယူရန် ပျက်ကွက်ခဲ့သည်ဆိုခြင်းကို ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီအနေနှင့် စုံစမ်းမေးမြန်းသင့်ကြောင်းလည်း အင်္ဂလန်ပရိသတ်များက ထောက်ပြသွားခဲ့သည်။

အင်္ဂလန်ပရိသတ်များသည် ခရိုအေးရှားနောက်ခံလူ ပီရီဆစ် သွင်းယူသွားခဲ့သော ချေပဂိုးမှာလည်း ပယ်ဖျက်ရမည့်ဂိုး၊ မပေးသင့်သည့်ဂိုးဟု ဝေဖန်သွားခဲ့ကာ ဂိုးသွင်းယူချိန်တွင် ပီရီဆစ် ခြေထောက်မြောက်တက်နေသောအနေအထားမှာ အင်္ဂလန်ကို ပြစ်ဒဏ်ဘောကန်ခွင့်ပေးအပ်ရမည့်အခြေအနေဖြစ်သည်ဟု ၎င်းတို့က ပြောကြားထားသည်။




FOLLOW US