News

POST TAGGED AS

DE GEA

မန်ယူအသင်းသည် ဂိုးသမား ဒီဂီယာကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပြီး အသင်းဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက ဒီဂီယာမှာ ကမ္ဘာ့စံချိန်တင် လုပ်ခလစာရ ဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူဂိုးသမား ဒီဂီယာသည် အသင်းဘက်က ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို သဘောတူညီ လက်မှတ်ရေးထိုးလိုက်မည်ဆိုပါက ကမ္ဘာ့စံချိန်တင်လုပ်ခလစာရ ဂိုးသမားအဖြစ် မှတ်တမ်းတစ်ခု ရေးထိုးစိုက်ထူသွားနိုင်တော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းပွဲထွက်ဂိုးသမား ဒီဂီယာကို လက်လွှတ်ရမည့်အခြေအနေမျိုးဖြစ်လာခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် ရိုးမားဂိုးသမား အေလီဆန်ကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူဂိုးသမား ဒီဂီယာသည် အသင်းကရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရယူသွားခဲ့ပြီဖြစ်ပြီး ဒီဂီယာမှာ ယင်းဆုကို ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း တတိယအကြိမ်မြောက်အဖြစ် ဆွတ်ခူးရယူသွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းပွဲထွက်ဂိုးသမား ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် လွန်စွာနီးစပ်သွားခဲ့ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ငါးနှစ်သက်တမ်းစာချုပ်သစ်ကို လက်မှတ်ရေးထိုးမည်ဟု မန်ယူအသင်းတာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းပွဲထွက်ဂိုးသမား ဒီဂီယာကို လက်လွှတ်ရဖွယ် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ရှုံးနိမ့်ထွက်ခွာလိုက်ရအပြီးတွင် ဒီဂီယာမှာ မန်ယူကို စွန့်ခွာရန် တစ်ကျော့ပြန်လည် စဉ်းစားမှုများရှိလာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ဂိုးသမား ဒီဂီယာကို ရီးရဲလ်မက်ဒရစ်ထံသို့ ရောင်းထုတ်ပေးရန် အစီအစဉ် လုံးဝမရှိဘဲ အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်သာ ဆုံးဖြတ်ထားသည်ဟု ဖွင့်ဟအသိပေးလိုက်ပြီး ဒီဂီယာနှင့် စာချုပ်သစ်ချုပ်ဆိုရေးကိစ္စ ဆွေးနွေးမှုများကို များမကြာမီအချိန်အတွင်း စတင်သွားတော့မည်ဖြစ်ကြောင်းလည်း မော်ရင်ညိုက ဆက်လက်ပြောကြားသွားခဲ့သေးသည်ဟု Sportmail က ဖော်ပြထားသည်။
မန်ယူဂိုးသမား ဒီဂီယာသည် အသင်းဘက်က ၎င်းကို စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းလာခဲ့ပါက တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင် ၃၇၅,၀၀၀ အထိ တောင်းဆိုရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနှင့် ချယ်လ်ဆီးတို့သည် ရီးရဲလ်မက်ဒရစ်က ၎င်းတို့၏ဂိုးသမားများကို ခေါ်ယူရန် ကြိုးပမ်းလာသည့်အတွက် ဂိုးသမားသစ်ခေါ်ယူရန် ပစ်မှတ်များ အသီးသီးထားရှိနေကြပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၅၀၀ အထိ သုံးစွဲ၍ အသင်းကို ပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။