News

POST TAGGED AS

DE BRUYNE

မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် ၎င်းအနေနှင့် လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မန်ယူနှင့်ယှဉ်ပြိုင်ရမည့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ပြန်လည်ပွဲထွက်ပေးနိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် လေ့ကျင့်ရေးအစီအစဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် နှစ်လခန့် အနားယူ ဆေးကုသခံရတော့မည်ဖြစ်ပြီး ဒီဘရိုင်းနေးအနေနှင့် အစောဆုံးအဖြစ် လာမည့် အောက်တိုဘာလ လလယ်ခန့်သို့ရောက်မှသာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မည်ဖြစ်သည်ဟု မန်စီးတီးက သတင်းထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ညာဘက်ဒူး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး လက်ရှိတွင် ဒီဘရိုင်နေး၏ဒဏ်ရာအခြေအနေကို အတိအကျ သိရှိနိုင်စေရန်အတွက် ၎င်းတို့အနေနှင့် ဆေးစစ်မှုများဆောင်ရွက်နေရဆဲဖြစ်သည်ဟု မန်စီးတီးအသင်းဆေးအဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် ၂၀၁၇-၁၈ ဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီက ပေးအပ်ချီးမြှင့်ခဲ့သည့် တစ်နှစ်တာအကောင်းဆုံး ဖန်တီးရှင်ကစားသမားဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
23-Apr-2018 tagged as Soccer Premier League De Bruyne Salah
လီဗာပူးတိုက်စစ်မှူး ဆာလားဟ်နှင့် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား လီရွိုင်းဆာနေးတို့သည် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားများအစည်းအရုံး(PFA)က ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုများကို အသီးသီး ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒီဘရိုင်နေးသည် ပရော်ဖက်ရှင်နယ်ကစားသမားများအစည်းအရုံး(PFA)က ပေးအပ်ချီးမြှင့်မည့် တစ်နှစ်တာစွမ်းဆောင်ရည်အကောင်းဆုံးကစားသမားဆုအတွက် ဆန္ဒမဲကောက်ခံရာတွင် လီဗာပူးတိုက်စစ်မှူး ဆာလားဟ်ကို မဲပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ကွင်းလယ်ကစားသမား ဒီဘရိုင်နေးမှာ စီရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့နှင့်ယှဉ်ပြိုင်၍ ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို စိန်ခေါ်နိုင်စွမ်းရှိလာခဲ့ပြီဟု မှတ်ချက်ပေးပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီအသင်းသည် အသင်းကွင်းလယ်ကစားသမား ဒီဘရိုင်နေးကို ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်နိုင်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ ဒီဘရိုင်နေး၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်မှာ ပေါင် ၂၆၀,၀၀၀ သို့ မြင့်တက်သွားခဲ့ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
03-Jan-2018 tagged as Soccer Premier League Chelsea De Bruyne Hazard
ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်သည့် ဘယ်လ်ဂျီယံ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီဖြစ်ကာ ဟားဇတ်မှာ ယင်းဆုကို မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်နေးအား ကျော်ဖြတ်၍ ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ စကော့တ်ဒန်းနှင့် ကွင်းလယ်လူ ပန်ချီအွန်တို့သည် ခရစ္စတယ်ပဲလေ့စ်နှင့် မန်စီးတီးတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သည့်အတွက် ရာသီကုန်ချိန်တိုင်သည်အထိ အနားယူဆေးကုသမှုခံရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။