News

POST TAGGED AS

DAVID SILVA

04-Aug-2018

Soccer Premier League Manchester City Puma Nike
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏တတိယမြောက်တန်ကြေးအမြင့်ဆုံး ၀တ်စုံ စပွန်ဆာစာချုပ်ကို မန်စီးတီး ချုပ်ဆို

မန်ချက်စတာ၊ သြဂုတ် ၎

မန်စီးတီးအသင်းသည် ၎င်းတို့၏၀တ်စုံစပွန်ဆာမိတ်ဖက်သစ်အဖြစ် ပူးမားအားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး စီးပွားရေးလုပ်ငန်းစုကို ရွေးချယ်လိုက်ပြီဖြစ်ပြီး ပူးမားမှာ မန်စီးတီးအသင်းဝတ်စုံများကို ဒီဇိုင်းပုံဖော် ချုပ်လုပ်ရောင်းချခွင့်အတွက် တစ်နှစ်စပွန်ဆာကြေး ပေါင်သန်း ၅၀ ဖြင့် သဘောတူညီမှု ရယူလိုက်နိုင်ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်စီးတီးနှင့် နီကီအားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး စီးပွားရေးလုပ်ငန်းစုအကြားတွင် ချုပ်ဆိုထားသော စပွန်ဆာစာချုပ်သည် လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး မန်စီးတီးမှာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကစတင်၍ ပူးမားကုမ္ပဏီထုတ် ၀တ်စုံများကိုဝတ်ဆင်ကာ ကစားသွားတော့မည်ဖြစ်သည်။

နီကီသည် မန်စီးတီးနှင့် ချုပ်ဆိုထားသော ၀တ်စုံစပွန်ဆာစာချုပ်ကို သက်တမ်းတိုးမြှင့်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့ကမ်းလှမ်းခဲ့သည့် စပွန်ဆာကြေးပမာဏမှာ နည်းပါးလွန်းခြင်းကြောင့် မန်စီးတီးအသင်းတာဝန်ရှိသူများက ငြင်းဆန်ပယ်ချလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် မန်စီးတီး၏၀တ်စုံစပွန်ဆာစာချုပ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏တတိယမြောက်တန်ကြေးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏တန်ကြေးအမြင့်ဆုံးဝတ်စုံစပွန်ဆာစာချုပ်ကို ပိုင်ဆိုင်ထားသည်မှာ မန်ယူအသင်း(တစ်နှစ်စပွန်ဆာကြေး ပေါင် ၇၅ သန်း)ဖြစ်ပြီး မန်ယူ၏နောက်တွင် ဒုတိယအဖြစ် ရပ်တည်နေသည်မှာ ချယ်လ်ဆီး(တစ်နှစ်စပွန်ဆာကြေး သန်း ၆၀)ဖြစ်သည်။




FOLLOW US