News

POST TAGGED AS

DAVID SILVA

မန်စီးတီးတိုက်စစ်တောင်ပံကစားသမား ဒေးဗစ်ဆေးလ်ဗားသည် စပိန်အသင်းကို ကိုယ်စားပြု၍ လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး လက်ရွေးစင်အသင်းကို ကျောခိုင်းလိုက်ချိန်တွင် ဒေးဗစ်ဆေးလ်ဗား၏အသက်မှာ ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆပ်စ်သည် ခရစ္စတယ်ပဲလေ့စ်နှင့် မန်စီးတီးတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရရှိခဲ့သော ဒူးဒဏ်ရာကြောင့် နှစ်လခန့် အနားယူဆေးကုသမှု ခံရတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။